နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား ဇွန်လ ၂၉ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားပါသည်။ နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရှိပြီးဖြစ်သည့် ထူးခြားသည့်ဝိသေသများအရ စိုက်ပျိုးမွေးမြူရေးဖြစ်ထွန်းအောင်မြင်နိုင်သောလုပ်ငန်းများကို ဖိဖိစီးစီးရွေးချယ်လုပ်ကိုင်ကြရန်နှင့် အခြားလုပ်ငန်းများကိုလည်း မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လိုအပ်သလိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့တွင်ရှိပြီးဖြစ်သည့် ဒေသအလိုက် အားသာချက်များကို အဓိကအသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့တယ်လို သိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *