အမေရိကန်ရေတပ်မှလေယာဉ်တင်သင်္ဘောဖြစ်တဲ့ USS Abraham Lincoln က လာမယ့်သီတင်းပတ်ကျရင် ထိုင်းနိုင်ငံမှာဆိုက်ကပ်မှာဖြစ်တယ်လို့ ထိုင်းတာဝန်ရှိသူများက ဩဂုတ်လ ၂၅ ရက်မှာပြောပါတယ်။ USS Abraham Lincoln ဟာအရှေ့အလယ်ပိုင်းဒေသမှာ စစ်ဆင်ရေးဝင်နေတာဖြစ်ပြီး ရက်ပေါင်းများစွာကြာစစ်ဆင်ရေးဝင်ရတဲ့အတွက် စစ်သည်တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာစိုးရိမ်ရတဲ့အခြေအနေတွေကို ရင်ဆိုင် နေကြရတာဖြစ်ပါတယ်။ ဒီသင်္ဘောဟာ ဘယ်ဆိပ်ကမ်းကိုမှ ဆိုက်ကပ်ရပ်နားခြင်းမရှိဘဲ ပင်လယ်ပြင်မှာရက်ပေါင်း၂၀၀ ကျော်ကြာဆက်တိုက် စံချိန်တင်စစ်ဆင်ရေးတာဝန်ထမ်းဆောင်ခဲ့တာပါ။ အခုတော့ အရှေ့အလယ်ပိုင်းမှပြန်လည်ထွက်ခွာလာနေပြီဖြစ်တဲ့USS Abraham Lincoln ဟာ ထိုင်းနိုင်ငံအရှေ့တိုင်းမှာဆိုက်ကပ်ရပ်နားပြီး စစ်သည်များအနားယူကာ…