



မြေပြင်မှာ ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲပါစေ၊ နောက်တန်းက ပြည်သူတွေနဲ့ တပ်မတော်ကို ချစ်မြတ်နိုးသူတွေရဲ့ အားပေးထောက်ပံ့မှု၊ သတိရအောက်မေ့မှုတွေကို သိရတဲ့အချိန်မှာ ကျွန်တော်တို့ စစ်သည်တွေရဲ့ ရင်ထဲမှာ စိတ်ဓာတ်တွေ အဆပေါင်းများစွာ ပိုမိုတက်ကြွပြီး အားအင်တွေ ပြည့်ဝလာရပါတယ်”
မိဘပြည်သူများ၏ စေတနာ ကရုဏာနှင့် အားပေးစကားများသည် ကျွန်တော်တို့အတွက် အကောင်းဆုံးသော ခွန်အားဆေးများ ဖြစ်ကြပါသည်။ ပေးပို့လာသည့် ဂုဏ်ပြုချီးမြှင့်မှုများနှင့် ထိုက်တန်အောင် နိုင်ငံတော်နှင့် ပြည်သူ့အတွက် ရှေ့တန်းစစ်မျက်နှာကနေ အားမာန်အပြည့်ဖြင့် ဆက်လက်တိုက်ပွဲဝင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။
တပ်မတော်ကို ချစ်မြတ်နိုးပြီး လှူဒါန်းပေးကြသူ အားလုံး အန္တရာယ်ခပ်သိမ်း ကင်းဝေးကြပါစေကြောင်းနှင့် စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားကြပါစေကြောင်း ရှေ့တန်းရောက် စစ်သည်တော်များအားလုံးက ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
လှူဒါန်းမှုအတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်
