အီရန်ဘာသာရေးခေါင်းဆောင်မော့ဂျ်တာဘာခါမေနီနှင့်တွေ့ရန်မျှော်လင့်ထားသည်ဟု အမေရိကန် သမ္မတဒေါ်နယ်ထရန့် ပြောကြား

အမေရိကန်နှင့် အီရန်တို့က တဲတဲသာလိုတော့သော အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ အပြန်အလှန် စွပ်စွဲနေကြချိန်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၎င်းသည် အီရန်၏ဘာသာရေးခေါင်းဆောင် မော့ဂျ်တာဘာခါမေနီနှင့် တွေ့ရန်မျှော်လင့်ထားသည်ဟု ဇွန် ၃ ရက်တွင် ပြောကြားခဲ့သည်။

ဖခင် အလီခါမေနီ သေဆုံးသွားခဲ့သည့် အမေရိကန်-အစ္စရေးတိုက်ခိုက်မှုအတွင်း အသက် ၅၆ နှစ်အရွယ် မော့ဂျ်တာဘာခါမေ နီသည် ဒဏ်ရာရသွားသည်ဟု ယုံကြည်ရသည်။ ဖခင်၏နေရာကို ဆက်ခံသော ဘာ သာရေးခေါင်းဆောင်အဖြစ် ကြေညာခံရကတည်းက သူ့အား လူမြင်ကွင်းတွင် မတွေ့ရပေ။

“ကျွန်တော်က သူ့ကို တွေ့ချင်ပါတယ်။  တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ တွေ့ရ ဖို့ ဖြစ်နိုင်ခြေရှိနေပါလိမ့်မယ်။ တွေ့ဆုံမယ့်ကိစ္စ ဘယ်လိုဘယ်ပုံအလုပ်ဖြစ်မလဲဆိုတဲ့အပေါ် မူတည်နေပါတယ်”ဟု အမေရိကန်သမ္မတက နယူးယောက်ပို့စ်၏ Pod Force One ပေါ့ကတ်တွင် ပြောကြားခဲ့သည်။

ခါမေနီ၏ကျန်းမာရေးအကြောင်း မေးမြန်းသည့်အခါ ထရန့်က ခါမေနီလုံးဝပါဝင်ပတ်သက်ရလိမ့်မည်ဟု ပြောကြားခဲ့သည်။

“သူက ကျန်းမာရေး ကောင်းနေတယ်ဆိုတဲ့ သတင်းမျိုးကိုတော့ ကျွန်တော်မကြားမိပါဘူး။ သတင်းတွေကို ယုံကြည်ရမယ်ဆိုရင်တော့ သူဟာ ခန္ဓာကိုယ်အစိတ်အပိုင်း တော်တော်များများမရှိတော့ဘူးလို့သိရပါတယ်” ဟု ထရန့်က ပြောခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *