လုံခြုံရေးတပ်ဖွဲ့ဝင်များက နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး-ပြင်စည်ကားလမ်းဘေး၌ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့်လက်လုပ်မိုင်း ၇ လုံးအား ဖယ်ရှားရှင်းလင်းနိုင်ခဲ့

PDF အမည်ခံအကြမ်းဖက်သောင်းကျန်း သူများသည် အများပြည်သူသွားလာအသုံး ပြုလျက်ရှိသည့် လမ်း၊ တံတားများတွင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူ များ ထိခိုက်ဒဏ်ရာရရှိစေရန်၊ လမ်းပန်း ဆက်သွယ်ရေး ထိခိုက်ပျက်ပြားစေပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက် ဖျက်ဆီးရန်ရည်ရွယ်၍ ဖောက်ခွဲရေးပစ္စည်း ကိရိယာများအသုံးပြုကာ မိုင်းထောင်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းများကို ဆင်ခြင်တုံ တရားကင်းမဲ့စွာပြုလုပ်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ မန္တလေး တိုင်းဒေသကြီး၊  နွားထိုးကြီးမြို့နယ်ရှိ  နွားထိုးကြီး-ပြင်စည်ကားလမ်းမကြီး တစ်လျှောက်တွင် PDF အမည်ခံအကြမ်းဖက် သမားများက မိုင်းထောင်ခြင်းများ ဆောင် ရွက်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် လုံခြုံရေးပူးပေါင်း အဖွဲ့များက နွားထိုးကြီးမြို့နယ်အတွင်း နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများဆောင် ရွက်ခဲ့ရာ ဖက်ခူးကျေးရွာနှင့် ရှောက်တောဝ ကျေးရွာကြား ကားလမ်းဘေးဝဲ/ယာဘက် များ၌ မိုင်းရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာ အများပြည်သူထိခိုက်ဒဏ်ရာရရှိစေ ရန်ရည်ရွယ်၍ PDF အမည်ခံအကြမ်းဖက် အဖွဲ့ထောင်ထားသည့် PVC ပိုက်ဖြင့် ပြုလုပ်ထားသော အချင်း ၆ လက်မခန့်၊ အလျား ၁ ပေခန့်ရှိ လက်လုပ်မိုင်း ၂ လုံး၊အချင်း ၆ လက်မခန့်၊ အလျား ၁ ပေခန့်ရှိ  လက်လုပ် မိုင်း ၃ လုံး၊အရှည် ၁ ပေခွဲခန့်ရှိ လက်လုပ်မိုင်း ၁ လုံးနှင့် သံပိုက်ဖြင့်ပြုလုပ်ထားသော အချင်း ၁ ပေခန့်၊အလျား ၁ ပေခွဲခန့်ရှိ လက်လုပ်မိုင်း ၁ လုံး၊စုစုပေါင်း လက်လုပ်မိုင်း ၇ လုံးတို့အားတွေ့ရှိ၍ အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းစေရေး စနစ်တကျ ဖယ်ရှား ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများ၊ရထားလမ်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများ  ပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေး လုပ်ငန်းစဉ်များအား ဆက်လက်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိ သည်။

Leave a Reply

Your email address will not be published. Required fields are marked *