ဓာတ်သတ္တုတွင်းထွက်ကြွယ်ဝရာ ဒီကြကွန်ဂိုအရှေ့ပိုင်းသည် လက်နက်ကိုင်အဖွဲ့မျိုးစုံ၏ အကြမ်းဖက်တိုက်ခိုက်မှုကို ခံနေရသည်မှာ ဆယ်စုနှစ်သုံးခုကျော်ကြာမြင့်နေပြီဖြစ်သည်။ M23 က ၂၀၂၁ ခုနှစ်ကတည်း က နယ်မြေအများအပြားကို သိမ်းပိုက်ထားသည်။ ၂၀၂၅ ခုနှစ် အစကတည်းက တိုက်ပွဲများ ပိုမိုဖြစ်ပွားလာခဲ့သည်။
ထို့အပြင် ထိုဒေသသည် အီဘိုလာကူး စက်ရောဂါစတင်ဖြစ်ပွားရာနေရာဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အီဘိုလာကို အပြည်ပြည်ဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားသည်။
လွန်ခဲ့သောရက်ပိုုင်းတွင် ဒီအာကွန်ဂိုကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ အီဘိုလာဖြင့် ၂၀၄ ဦးသေဆုံးထားပြီး ၈၆၇ ဦးကို သံသယလူနာများအဖြစ်စောင့်ကြည့်နေသည်ဟု ဆိုသည်။
မကြာသေးမီက တိုက်ပွဲသည် မာဆီဆီတွင် ဖြစ်ပွားနေခြင်းဖြစ်သည်ဟု လုံခြုံရေးသတင်းအရင်းအမြစ်များနှင့် ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောကြားသည်။ မာဆီဆီသည် အီတူရီပြည်နယ်၏တောင်ဘက်တွင် တည်ရှိသည့် မြောက်ကီဗူးပြည်နယ်ထဲက ဧရိယာဖြစ်သည်။ အီတူရီပြည်နယ်သည် အီဘိုလာကပ်ရောအဓိကဖြစ်ပွားရာနေရာဖြစ်သည်။
မေ ၂၅ ရက်တွင် မြောက်ကီဗူး၏ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူး ဒီဒီယာလိုမိုယိုက ပြောကြားရာ၌ ဗဟာဗျူဟာမြောက်လေဆိပ်ကို မော်တာဖြင့် ပစ်နေသည်ဟု ပြောကြားခဲ့သည်။ ထိုလေဆိပ်သည် ကွန်ဂိုတပ်ဖွဲ့များအ သုံးပြုနေသော လေဆိပ်ဖြစ်သည်ဟု ဆိုသည်။ မြေပြင်ရှိရဲသတင်းအရင်းအမြစ်က AFP ကို ပြောကြားရာ၌ ဒရုန်းနှစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့သည်ဟု ပြောကြားခဲ့ပြီး တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှုမရှိဟု ဆိုသည်။
လွန်ခဲ့သောလများတွင် M23 က ဒီအာကွန်ဂိုတပ်ဖွဲ့များ အသုံးပြုသော လေဆိပ်ကို အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့သည်။
လွန်ခဲ့သောရက်ပိုင်းများတွင် တောင်ကီဗူးနှင့် မြောက်ကီဗူးတို့ရှိ မြို့ရွာများတွင် လေကြောင်းတိုက်ခိုက်မှုများရှိခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောကြားသည်ဆိုသော်လည်း ယင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကို အတည်မပြုနိုင်ဟု AFP သတင်းဌာနက ဆိုသည်။
မေ ၁၆ ရက်က ထုတ်ပြန်ခဲ့သော နောက်ဆုံးအခြေအနေအရ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံ၏ ပြည်နယ်သုံးခုတွင် သံသယဖြစ်ဖွယ်လူနာများဦးရှိနေပြီး သေဆုံးသူ ၂၀၀ ကျော်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အိမ်နီးချင်း ယူဂန်ဒါနိုင်ငံ၏ အခြေအနေမှာမူ တည်ငြိမ်မှုရှိပြီး ဒီအာကွန်ဂိုမှ ခရီးသွားလာခဲ့သူများထဲတွင် ရောဂါပိုးကူးစက်ခံရကြောင်း အတည်ပြုလူနာ နှစ်ဦးနှင့် သေဆုံးသူ တစ်ဦးရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိတွေ့ဆက်ဆံခဲ့သူများကို အထူးကြပ်မတ် လိုက်လံရှာဖွေနိုင်ခဲ့ခြင်းကြောင့် နောက်ထပ် ကူးစက်ပျံ့နှံ့မှုများကို တားဆီးနိုင်ခဲ့ပုံရသည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
ဒီအာကွန်ဂိုသည် လက်ရှိတွင် ကုသဆေးမရှိသေးသည့် Bundibugyo ဗိုင်းရပ်စ်မျိုးကွဲကြောင့် ဖြစ်ပွားသော ရောဂါပိုးပျံ့နှံ့မှုကို မေ ၁၅ ရက်တွင် စတင်ကြေညာခဲ့ခြင်းဖြစ်သည်။
