ဒေသတွင်းတိုက်ပွဲ​များကြောင့် တစ်နှစ်​ကျော်ကြာ ပိတ်ထားခဲ့ရ​သော ကွင်းက​လေးရွာရှိ မူလွန်​ကျောင်း နှင့်အလယ်တန်း​ကျောင်းခွဲ ယခုနှစ်ဖွင့်လှစ်နိုင်ရန် ​ဆောင်ရွက်

မြဝတီမြို့နယ် ၊​ဒေါန​တောင်​ခြေ၊ကွင်းက​လေး (နို့ဖိုး) ​ကျေးရွာတွင် ဒေသတွင်း ဖြစ်ပွားခဲ့ ​သော တိုက်ပွဲ​များကြောင့် တစ်နှစ်​ကျော်ကြာ ပိတ်ထားခဲ့ရ​သည့် မူလတန်း လွန်​ ကျောင်း နှင့်အလယ်တန်း​ ကျောင်းခွဲ တို့ကို ယခုနှစ်ဖွင့်လှစ်နိုင်ရန် မြို့နယ်ပညာ​ရေးမှူးနှင့် BGF တပ်မှူး ဦး​စောမုတ်သုန်တို့ ​မေလ ၂၀ ရက်​နေ့က ကွင်းဆင်း ​ဆောင်ရွက် ခဲ့ကြ​ကြောင်းသိရသည်။

အဆိုပါ စာသင်​ကျောင်း တို့တွင် စစ်​ရေးပဋိပက္ခ​ကြောင့် ကာလရှည်ကြာပိတ်ထားခဲ့ရသလို စာသင်​ဆောင် ​ခေါင်းမိုးအချို့မှာလည်း လက်နက်ကြီးကျည် ကျ​ရောက်​ပေါက်ကွဲ ခြင်း​ကြောင့် ပျက်စီးယိုယွင်းခဲ့​ကြောင်းသိရသည်။ စာသင်ခုံများ၊နံရံများလည်း ပျက်စီးခဲ့သည်။

အတွင်းကွင်းက​လေး မူလတန်းလွန်​ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အပျက်အစီး အကျိုးအပဲ့များ၊အမှိုက်သရိုက်များအား ကရင်ပြည်နယ် နယ်ခြား​စောင့်တပ် ​၊တပ်မှူး ဗိုလ်မှူးချုပ် စောမုတ်သုန် ကိုယ်တိုင်သွား​ရောက်ပြီး ဗိုလ်မှူး ​စောထူး၊ဗိုလ်မှူးမုန်တိုင်းတို့ဦး​ဆောင်သည် တပ် ဖွဲ့ ဝင်များ၊တပ်မ​တော်သားများ ရွာသူ ရွာသားများက ​မေလ ၂၀ ရက်​နေ့က စု​ပေါင်းရှင်းလင်းခဲ့ကြသည်။

​မူလတန်းလွန်ကျောင်းနှင့် အလယ်တန်းခွဲ​ကျောင်းတို့ ပြန်လည်ပြုပြင်​ရေးအတွက် ကရင်ပြည်းနယ်၊ နယ်ခြား​စောင့်တပ်၊ဗိုလ်မှူးချုပ်​စောမုန်သုန်က ကုနွကျခံကာ ပြန်လည်မွန်းမံသွားမည်ဖြစ်သည်။

၂၀၂၆/၂ဝတရ ခု၊ပညာသင်နှစ် ဇွန်လအတွင်း​ကျောင်းဖွင့်နိုင်ပြီး ​ကျောင်းသုံးစာအုပ်များ၊သင်​ထောက်ကူပစ္စည်းများ ရရှိအတွက် ကူညီ​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း မြဝတီမြို့နယ်၊ မြို့နယ်ပညာ​ရေးမှူး ဦးမိုး​ကျော် က ​ပြော ကြားခဲ့သည်။

မြဝတီခရိုင်အတွင်း စာသင်ကျောင်းပေါင်း

(၁၁၅) ကျောင်းရှိသည့်အနက် ယခုနှစ် ၂၀၂၆ /၂၀၂၇ ပညာသင်နှစ်တွင် ​ဒေသ တွင်း အ​ခြေအ​နေ​ကြောင့် ပိတ်ထားရဆဲ ​ကျောင်းများရှိ​နေဆဲဖြစ်ကာ အပြင်ကွင်းကလေး အလယ်တန်းကျောင်းခွဲနှင့် မူလတန်းလွန်ကျောင်း အပါ အဝင် စာသင်ကျောင်း (၇၅) ကျောင်းထိ ဖွင့်လှစ်သွားနိုင်ဖွယ်ရှိသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *