CDF ၊ CNA နှင့် PDF ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် တွန်းဇံမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ပြီး ချင်းပြည်နယ် မြောက်ပိုင်းဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့

CDF ၊ CNA နှင့် PDF ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် တွန်းဇံမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ပြီး ချင်းပြည်နယ် မြောက်ပိုင်းဒေသတစ်ခုလုံးကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် မေ ၂၃ ရက်တွင် CDF ၊ CNA နှင့် PDF ပူးပေါင်းအဖွဲ့များသည် တွန်းဇံမြို့အားယာယီစိုးမိုးခဲ့ကြကြောင်း၊ တပ်မတော်အနေဖြင့် သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) များကို ဆောင်ရွက်လျက်ခဲ့ရာ သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် ဖလမ်းမြို့အား ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅ ရက်တွင် အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဖလမ်းမြို့အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နယ်မြေ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖလမ်းမြို့အား ပြန်လည်သိမ်းပိုက်ရရှိပြီးနောက် တပ်မတော်အနေဖြင့် ဖလမ်း-သိုင်းငင်း- တီးတိန်- တွန်းဇံမြို့ ဆက်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ပေးနိုင် ရေးအတွက် ဖလမ်းမြို့နှင့် တီးတိန်မြို့အကြားရှိသောင်းကျန်းသူအဖွဲ့များ ယာယီစိုးမိုးထားသည့် နေရာများအား ပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ရန် ဖလမ်းမြို့တွင် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ခဲ့ပြီး စစ်ကြောင်းများခွဲ၍ ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်မှစတင်ရှင်းလင်းခဲ့ရာ သိုင်းငင်းလမ်းဆုံသို့ မေ ၂ ရက်တွင် ရောက်ရှိခဲ့ကြောင်း၊ ကနေဒီတောင်အားမေ ၅ ရက်တွင် သိမ်းပိုက်ရရှိကာ မေ ၉ ရက်တွင် တီးတိန်မြို့သို့ ရောက်ရှိစုဖွဲ့ပြင်ဆင်ခဲ့ကြကြောင်း၊ ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် တွန်းဇံမြို့အား ပြန်လည်သိမ်းပိုက် နိုင်ရေးအတွက် တီးတိန်မြို့တွင် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ခဲ့ကာ ပွိုင့်-၁၅၀၄ တောင်ကုန်းအား မေ ၁၁ ရက် တွင်လည်းကောင်း၊ မောင်ကင်ရွာနှင့် တွာလ်မူးရွာ အား မေ ၁၂ ရက်တွင် လည်းကောင်း၊ ဂမ်ငိုင်ရွာအား မေ ၁၄ ရက်တွင်လည်းကောင်း၊ လွမ့်ဇန်ရွာ နှင့် ဗျာလ်ကျင်း ရွာအား မေ ၁၆ ရက်တွင်လည်းကောင်း၊ တပ်ဇန်ရွာအား မေ ၁၇ ရက် တွင်လည်းကောင်း၊ တုံးထောင် ရွာနှင့် ပွိုင့်- ၁၉၈၅ တောင် ကုန်းအား မေ ၁၉ ရက်တွင် လည်းကောင်း အသီးသီးပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် မေ ၂၀ ရက် နေ့လယ်ပိုင်းတွင် တွန်းဇံမြို့အား အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။တပ်မတော်စစ်ကြောင်းများက တွန်းဇံမြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား ပြန်လည် သိမ်းပိုက်ရရှိရေး အဆင့်ဆင့် ပြန်လည် တိုက်ခိုက်ထိန်းချုပ်ခဲ့မှုတွင် သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲ (၆)ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၂ လောင်း၊ လက်နက်မျိုးစုံ ၅ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ယာယီနေရပ်စွန့်ခွာခဲ့ရသည့် ဒေသခံပြည်သူများ တွန်းဇံမြို့အတွင်းသို့ အန္တရာယ်ကင်းရှင်းစွာ ပြန်လည်နေထိုင်နိုင်ရေး အတွက် သောင်းကျန်းသူများ၏ လုပ်ဆောင်ခဲ့သည့် မြေမြှုပ်မိုင်းများ ရှင်းလင်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် နိုင်ငံတော် အစိုးရအုပ်ချုပ်မှုယန္တရားများ အမြန်ဆုံးလည်ပတ်နိုင်ရေး၊ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ပေးနိုင်ရေး၊ဆေးရုံ/ဆေးခန်းများပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး စသည့် မြို့ပြန်လည် ဒေသခံတိုင်းရင်းသားများနှင့်ပူးပေါင်း၍ အမြန်ဆုံး ထူထောင်ရေးလုပ်ငန်းများကို ပြန်လည် ဆောင်ရွက်ပသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ တပ်မတော်က တွန်းဇံမြို့အား အပြီးတိုင် ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ သည့်အတွက် ချင်းပြည်နယ်အတွင်းရှိ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံနှင့် ကျီးခါးမြို့စသည့် ချင်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးအား တပ်မတော်မှအလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သဖြင့် ယာယီနေရပ်စွန့်ခွာခဲ့ကြရသည့် ဒေသခံတိုင်းရင်းသား ပြည်သူ များအနေဖြင့်လည်း ၎င်းတို့၏ နေရပ်များသို့ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကိုလည်း ပြန်လည်လုပ်ဆောင်နိုင်ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *