အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခများကြားထဲတွင် ယနေ့ ရည်ညွှန်းစျေး၌ စက်ဆုံးဆီဈေး သိသိသာသာ ထပ်မံကျဆင်းလာသည်။
စက်သုံးဆီဈေးနှုန်းအနေဖြင့် ရန်ကုန်တွင် ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၄၅၁၅ကျပ် ၊ 95 တစ်လီတာလျှင် ကျပ် ၄၆၇၀၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၅၂၇၅၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၆၄၅၅ ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ယနေ့ ထုတ်ပြန်ထားသည်။
ယခင်အပတ်ရည်ညွှန်းစျေး၌မူ ရန်ကုန်တွင် ဓာတ်ဆီ 92 တစ်လီတာလျှင် ၄၆၆၈ ကျပ် ၊ 95 တစ်လီတာလျှင် ၄၉၀၉ ကျပ် ၊ ဒီဇယ်တစ်လီတာလျှင် ၅၇၅၂ ကျပ် ၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၇၀၁၂ ကျပ် ဖြစ်သည်။
အဆိုပါဈေးနှုန်းများအရ ယနေ့ (မေ ၁)တွင် ထုတ်ပြန်သည့် ရည်ညွှန်းစျေးသည် ယခင်တစ်ပတ်ဈေးထက် ဓာတ်ဆီ 92 တစ်လီတာလျှင် ၁၅၃ ကျပ် ၊ 95 တစ်လီတာလျှင် ၂၃၉ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၄၇၇ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၅၅၇ ကျပ် ကျဆင်းလာသည်။
ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများမြင့်တက်ခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း များစွာမြင့်တက်သွားခြင်းမရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှ ကြပ်မတ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အတွင်း စက်သုံးဆီဖူလုံမှုအနေဖြင့် ၆၀ ရက်စာလုံလောက်မှုရှိကြောင်း ယနေ့ မေလ ၁ ရက်နေ့တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ထို့ကြောင့် စက်သုံးဆီ ဝယ်ယူသုံးစွဲသူများအနေဖြင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူသိုလှောင်ခြင်းမပြုဘဲ လိုအပ်သည့်အချိန်တွင် လိုအပ်သည့် ပမာဏကိုသာ ဝယ်ယူသုံးစွဲခြင်းဖြင့် ကဏ္ဍအလိုက်အသုံးပြုမှုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
