လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် များကို သိန်း ၂၀၀ ကျော် ပေးအပ်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို ဧပြီလ ၂၉ ရက်တွင် ကျင်းပခဲ့သည်။

အဆိုပါ အလင်းဝင်လာသူများမှာ KIA အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ KPDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြသည်။ ၎င်းတို့သည် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာရာတွင် မိမိတို့နှင့်အတူ ပါရှိလာသည့် လက်နက်ခဲယမ်းများကို တပ်နယ်တာဝန်ရှိသူများထံ လွှဲပြောင်းအပ်နှံခဲ့ကြသည်။

အပ်နှံခဲ့သည့် လက်နက်ခဲယမ်းများမှာ –

Ko ပါရီသေနတ် (၁) လက်

KA-25 ဗုံးပစ်လောင်ချာတွဲ သေနတ် (၁) လက်

K-25 သေနတ် (၁) လက်

လက်ပစ်ဗုံး (၄) လုံး

ကျည် (၆၀၀) တောင့်နှင့် ကျည်အိမ်မျိုးစုံ (၉) ခု

ကျည်ကာအင်္ကျီ၊ စကားပြောစက်နှင့် အခြားဆက်စပ်ပစ္စည်းများ ဖြစ်သည်။

ယင်းနောက် တာဝန်ရှိသူများက လက်နက်ခဲယမ်းများအတွက် သတ်မှတ်ထားသည့် ဆုကြေးငွေများနှင့် ထောက်ပံ့ငွေစုစုပေါင်း ကျပ် (၂၀၉) သိန်းအပြင် ထောက်ပံ့ပစ္စည်းများကိုပါ ပေးအပ်ခဲ့သည်။ အလင်းဝင်လာသူများအား လိုအပ်သည့် ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးနောက် ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့သည်။

ဤကဲ့သို့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခြင်းသည် မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်ရုံသာမက ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ဦးတည်သည့် ကောင်းမွန်သော ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *