အကျဥ်း​ထောင် အချုပ်​ထောင်အသီးသီးတွင် အကျဥ်းကျခံ​နေရသည့် အကျဉ်းသား အကျဥ်းသာသူများအား ပြစ်ဒဏ်၏ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြု

အကျဥ်း​ထောင် အချုပ်​ထောင်အသီးသီးတွင် အကျဥ်းကျခံ​နေရသည့် အကျဉ်းသား အကျဥ်းသာသူများအား ပြစ်ဒဏ်၏ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြု​ကြောင်း နိုင်ငံ​တော်သမ္မတရုံးက ယ​နေ့(ဧပြီ ၃၀ ရက်)တွင် အမိန့်အမှတ် ၅၀ / ၂၀၂၆ ဖြင့်ထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတ သည် ၁၃၈၈ ခုနှစ်၊ ကဆုန် လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူ လူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်) မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား / သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန်ကျန်ရှိသောပြစ်ဒဏ်၏ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်​ကြောင်း အမိန့်စာတွင် ​ဖော်ပြထားသည်။

ထို့အတူ အကျဥ်း​ထောင် အချုပ်​ထောင်အသီးသီးတွင် အကျဥ်းကျခံ​နေရသည့် အကျဉ်းသား အကျဥ်းသာသူ ၁၅၀၈ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်​ပေး နိုင်ငံ​တော်သမ္မတရုံးက ယ​နေ့(ဧပြီ ၃၀ ရက်)တွင်အမိန့်အမှတ် ၅၁ / ၂၀၂၆ ဖြင့်ထုတ်ပြန်သည်။

Leave a Reply

Your email address will not be published. Required fields are marked *