ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၂) သင်တန်းဆင်းပွဲများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပ

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၂) သင်တန်းဆင်းပွဲများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ နယ်မြေခံသင်တန်းကျောင်းများ၌ ၂၀၂၆ ခုနှစ် ယနေ့ (ဧပြီ ၂၉ ရက်) တွင် ကျင်းပသည်။

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၂) သင်တန်းဆင်းများပွဲများကို ယနေ့ (ဧပြီ ၂၉ ရက်) တွင် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပသည်။

အဆိုပါသင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကို ကိုင်၍ ကတိသစ္စာခံယူခဲ့ကြကြောင်း သိရသည်။ ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်း ထူးချွန်ဆုရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

သင်တန်းဆင်းပွဲအပြီးတွင် တက်ရောက်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၂) မှ သင်တန်းဆင်းစစ်သည်များအား တွေ့ဆုံ၍ အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းအမှတ် စဉ် (၂) ကို မေ ၁၄ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၃) ကို ဇွန် ၂၅ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၄) ကို ဩဂုတ် ၅ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၅) ကို စက်တင်ဘာ ၉ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၆) ကို အောက်တိုဘာ ၂၁ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၇) ကို နိုဝင်ဘာ ၂၆ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၈) ကို ဒီဇင်ဘာ ၂၃ ရက်တွင်လည်းကောင်း အသီးသီးဖွင့်လှစ်ခဲ့သည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉) ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၁၀) ကို ဖေဖော်ဝါရီ ၁၀ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၁၁) ကို မတ် ၁၇ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၁၂) ကို ဧပြီ ၂၂ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၁၃) ကို မေ ၁၉ ရက်၌လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၁၄) ကို ဇွန် ၁၆ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၁၅) ကို ဇူလိုင် ၁၅ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၁၆) ကို ဩဂုတ် ၁၈ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၁၇) ကို စက်တင်ဘာ ၁၅ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၁၈) ကို အောက်တိုဘာ ၂၁ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၁၉) ကို နိုဝင်ဘာ ၁၇ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၂၀) ကို ဒီဇင်ဘာ ၁၅ ရက်တွင်လည်းကောင်း အသီးသီးဖွင့်လှစ်ခဲ့သည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၁) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၂၂) ကို ဖေဖော်ဝါရီ ၁၈ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၂၃) ကို မတ် ၂၃ ရက်တွင်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၂၄) ကို ဧပြီ ၂၇ ရက်တွင်လည်းကောင်း အသီးသီးဖွင့်လှစ်ခဲ့သည်။ လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) မှ အမှတ်စဉ် (၂၂) အထိ သင်တန်းတက်ရောက်ပြီးသူများ သင်တန်းပြီးဆုံး၍ သင်တန်းဆင်းကာ တပ်ရင်း/တပ်ဖွဲ့အသီး သီးတွင် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *