မြန်မာသံရုံး၊ ရီရတ်ဒ်မြို့မှ ဆော်ဒီအာရေဗျနိုင်ငံတွင်ရောက်ရှိနေပြီး မြန်မာနိုင်ငံပြန်ရန် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသူ(၈)ဦးကို ဧပြီ ၂၅ ရက်က မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မြန်မာသံရုံး၊ ရီရတ်ဒ်မြို့က ဆော်ဒီအာရေဗျနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့်ညှိနှိုင်း၍ မြန်မာနိုင်ငံသူ(၈) ဦးအား ရီရတ်ဒ်-ဒိုဟာ-ဗန်ကောက်-ရန်ကုန်လေကြောင်းခရီးစဉ်ဖြင့်ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
