လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် KIA ၊ AA ၊ PLA နှင့် PDF အဖွဲ့ဝင်(၅၁၇)ဦးအား ဧပြီ ၂၄ ရက်နံနက်ပိုင်းက ဆုကြေးငွေကျပ်(၁,၇၁၂)သိန်းနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး မိဘအုပ်ထိန်းသူများထံလွှဲပြောင်းအပ် နှံပေးခဲ့သည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်း၌အ ခမ်းအနားဖြင့်ပေးအပ်ရာ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဌေးတို့တက်ရောက်၍ အမှာစကား ပြောကြားပြီး အလင်းဝင်လာသူများအပ်နှံသည့် လက် နက်မျိုးစုံ(၃၁)လက်၊ လက်ပစ်ဗုံး/ ဗုံးသီး(၄၈)လုံး၊ စ ကားပြောစက်(၁)လုံး၊ ကျည်အိမ်မျိုးစုံ(၃၅)ခု၊ ကျည်မျိုးစုံ(၁,၂၉၈)တောင့်၊ မိုင်းမျိုးစုံ(၃)လုံးတို့အား တိုင်းမှူးကလက်ခံရယူခဲ့သည်။
ထို့နောက် တိုင်းမှူးက အလင်းဝင်လာသူများအား ဆု ကြေးငွေကျပ်(၁,၇၁၂)သိန်းနှင့် ထောက်ပံ့ပစ္စည်းများကိုပေးအပ်ပြီး ခံဝန်ကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ စနစ်တကျပြန်လည်လွှဲပြောင်းအပ် နှံပေးခဲ့သည်။
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား (၅၈)ဦး၊ အမျိုးသမီး(၅)ဦး၊ ချမ်းအေးသာစံမြို့နယ်မှ အမျိုးသား(၄)ဦး၊ ချမ်းမြသာစည်မြို့နယ်မှ အမျိုးသား (၂)ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသား(၁)ဦး၊ အမရပူရမြို့နယ်မှ အမျိုးသား(၈)ဦး၊ အမျိုးသမီး(၃)ဦး၊ ပုသိမ်ကြီးမြို့နယ်မှ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၁)ဦး၊ ကျောက်ဆည်မြို့နယ်မှ အမျိုးသား(၁၁)ဦး၊ အမျိုးသ မီး(၃)ဦး၊ မြစ်သားမြို့နယ်မှ အမျိုးသား(၁)ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသား(၁)ဦး၊ ပြင်ဦးလွင်မြို့နယ်မှ အ မျိုးသား(၂)ဦးတို့ အလင်းဝင်လာကြခြင်းဖြစ်သည်။
ထို့ပြင် နောင်ချိုမြို့နယ်မှ အမျိုးသား(၄)ဦး၊ မတ္တရာ မြို့နယ်မှ အမျိုးသား(၁၁၈)ဦး၊ အမျိုးသမီး(၉)ဦး၊ သ ပိတ်ကျင်းမြို့နယ်မှ အမျိုးသား(၁၄)ဦး၊ အမျိုးသမီး(၁) ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား(၁၃၈)ဦး၊ အမျိုးသမီး (၁၅)ဦး၊ မိုးကုတ်မြို့နယ်မှ အမျိုးသား(၂၂)ဦး၊ အမျိုး သမီး(၄)ဦး၊ မိုးမိတ်မြို့နယ်မှ အမျိုးသား(၁၃)ဦး၊ ကျောက်ပန်းတောင်းမြို့နယ်မှ အမျိုးသား(၄)ဦး၊ မြင်းခြံမြို့နယ်မှ အမျိုးသား (၉)ဦး၊ အမျိုးသမီး(၄)ဦး၊ ညောင်ဦးမြို့နယ်မှ အမျိုးသား(၁၆)ဦး၊ အမျိုးသမီး (၁)ဦး၊ ချောက်မြို့နယ်မှ အမျိုးသား(၃)ဦး၊ ဆိပ်ဖြူမြို့နယ်မှ အမျိုးသား(၁)ဦးတို့ အလင်းဝင်လာကြခြင်းဖြစ်သည်။
ထို့အတူ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်မှ အမျိုး သား(၈)ဦး၊ စလင်းမြို့နယ်မှ အမျိုးသား(၃)ဦး၊ အမျိုး သမီး(၁)ဦး၊ မင်းလှမြို့နယ်မှ အမျိုးသား(၂)ဦး၊ မင်းတုန်း မြို့နယ်မှ အမျိုးသား (၈)ဦး၊ ပခုက္ကူမြို့နယ်မှ အ မျိုးသား (၁၄)ဦး၊ ရေနံချောင်းမြို့နယ်မှ အမျိုးသား (၁)ဦးတို့ အလင်းဝင်လာကြခြင်းဖြစ်သည်။
