အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခများ ကြားထဲတွင် ယနေ့ ရည်ညွှန်းစျေး၌ စက်ဆုံးဆီဈေး အနည်းငယ် ပြန်ကျသွားသည်။
ယနေ့ (ဧပြီ ၂၄) စက်သုံးဆီရည်ညွှန်းစျေး၌ ယခင်တစ်ပတ်ထက် ဓာတ်ဆီ 92 တစ်လီတာ ၆၇ ကျပ် ၊ 95 တစ်လီတာ ၃၆ ကျပ်၊ ဒီဇယ်တစ်လီတာ လျှင် ၇၃၃ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၇၄၃ ကျပ် ကျဆင်းသွားသည်။
ထိုကြောင့် ရန်ကုန်တွင် ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၄၆၆၈ ၊ 95 တစ်လီတာလျှင် ကျပ် ၄၉၀၉ ၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၅၇၅၂ ၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၇၀၁၂ ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။
ဧပြီ ၁၇ ရက်တွင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဈေးနှုန်းအရ 92 ဓာတ်ဆီတစ်လီတာ ကျပ် ၄၇၃၅ ၊ 95 ဓာတ်ဆီတစ်လီတာ ကျပ် ၄၉၄၅ ၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၆၄၈၅ ၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၇၇၅၅ ဖြစ်သည်။

