
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ (NSPNC) ရဲ့ NCA သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးတိုအတွက် ညီညွတ်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးပါတီက အပြည့်အဝထောက်ခံအားပေးကူညီသွားမည်ဟု ယနေ့ ဧပြီ ၂၂ ရက်မှာ ပါတီကသဘောထားထုတ်ပြန်ချက်အဖြစ် ထုတ်ပြန်ခဲ့ပါတယ်။
ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတိုအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများနှင့် ဆွေးနွေးညှိနှိင်းမှုများ ဆက်လက်ဆောင်ရွက်ရန် ဖိတ်ခေါ်မှုကိုလည်း ပါတီအနေဖြင့် ဂုဏ်ယူဝမ်းမြောက်သည်ဟု ဖော်ပြထားပါတယ်။
ထိုအပြင် NCA သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်သူလူထုရဲ့ လူမှုအကျိုးစီးပွားဖွံဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်ကိုလည်း အပြည့်အဝယုံကြည
