နွေရာသီအပူကြောင့် မိုးတိမ်တောင်များဖြစ်ပေါ်နိုင် — လေပြင်း၊ မိုးကြိုး၊ မိုးသီးအန္တရာယ် သတိပြုရန် နှိးဆော်

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် ဧပြီနှင့် မေလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာသည့်အတွက် အပူပျံတက်တိမ်များ ဖြစ်ထွန်းနိုင်ပြီး မွန်းလွဲနှင့် ညနေပိုင်းများတွင် မိုးတိမ်တောင်များ ဖြစ်ပေါ်လာနိုင်ကြောင်း သက်ဆိုင်ရာ မိုးလေဝသဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ထိုမိုးတိမ်တောင်များ ရွေ့လျားရာနေရာများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

အထူးသဖြင့် လေပြင်းတိုက်ခတ်ချိန်တွင် မြေပြင်နှင့် ရေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၅၀ အထိ ရောက်ရှိနိုင်ပြီး လူနေအိမ်များ၊ သစ်ပင်များနှင့် လမ်းပန်းဆက်သွယ်ရေးများအပေါ် ထိခိုက်နိုင်သည့် အန္တရာယ်များရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *