City Mart နှင့် Ocean Supercenter များ ဆိုင်ဖွင့်ချိန်များ ယာယီပြောင်းလဲ ဖွင့်လှစ်

City Mart နှင့် Ocean Superenter များသည် မတ် ၂၃ ရက်မှစတင်၍ ဆိုင်ဖွင့်ချိန်များ ယာယီပြောင်းလဲ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

City Mart ၏ ရန်ကုန်ဆိုင်ခွဲများ အားလုံးသည် မနက် ၉ နာရီမှ ည ၉ နာရီထိ ဖြစ်သည်။

မန္တလေး နန်းရှေ့၊ ၁၉ လမ်း ဆိုင်ခွဲကမူ မနက် ၉ နာရီမှ ည၈နာရီအထိဖြစ်သည်။

ထိုအတူ Ocean Supercenter ဆိုင်များဖြစ်သည့် ၉မိုင်၊ ပုဇွန်တောင်၊ တာမွေ၊ လှိင်သာယာ၊ စိန်ဂျွန်း၊ ရွှေပင်လုံ၊ Terminal M၊ ဂမုန်းပွင့်၊ နေပြည်တော်၊ မော်လမြိုင်၊ ပုသိမ် ဆိုင်ခွဲတိုသည် မနက် ၉ နာရီမှ ည ၉ နာရီအထိ ဖြစ်သည်။‌

တောင်ကြီး၊ မန္တလေး ရှိဆိုင်ခွဲများသည် မနက် ၉ နာရီမှ ည ၈ နာရီထိဖြစ်သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *