NUG၊ CRPH အကြမ်းဖက်အဖွဲ့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည်အစိုးရအုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်နှင့် ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက်၎င်းတို့အလိုကျဆောင်ရွက်နိုင်ရန်အတွက်တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့၊ ရွာများအား ယာယီစိုးမိုးကာ အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသောကြောင့် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism- Operation) များကို ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများစိုးမိုးထားသော အင်းတော်မြို့အားလည်း ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ရက်တွင် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့်သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် အဆိုပါဒေသရှိ အကြမ်းဖက် သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ကျေးရွာများအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အင်းတော်မြို့၌ လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများကို စစ်ကြောင်းများခွဲ၍ ဟန်ချက်ညီညီဆောင်ရွက်ခဲ့ရာ ဇွန်လ ၂၇ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ အခိုင်အမာခံစစ်ပြင်ဆင်၍ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန် အခြေချနေထိုင်သော နတ်မဟုတ်လေးကျေးရွာနှင့် ဆည်ရွာတို့အားလည်းကောင်း၊ ဇွန်လ ၂၈ ရက်နေ့တွင် လယ်နောင်ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၉ ရက်နေ့တွင် နတ်မဟုတ်ကြီးကျေးရွာအားလည်းကောင်း၊ ဇွန်လ ၃၀ ရက်နေ့တွင် သံဘိုကျေးရွာအားလည်းကောင်းအဆင့်ဆင့် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး …