တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီလ ၃၀ ရက် နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို၊ နဂါးဘုန်းတော်ကြီးကျောင်းတိုက်ရှိ သံဃာတော်များကို အဆိုပါကျောင်းတိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပါတယ်။
ထိုသို ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲက သံဃာတော် ၁၅ ပါးအား အရိုးအကြောရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ၊ အထွေထွေရောဂါတိုနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပါတယ်။ ယင်းသို ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိင်း ဆောင်ရွက်ပေးခဲ့တယ်လို သိရပါတယ်။
တိုက်ပွဲသတင်းစုံ (https://t.me/combatnews7723)
