












လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစု၏ စု ပေါင်းထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီ ၂၈ ရက်ညနေပိုင်းကကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးဥာဏ်ထွန်းတက်ရောက်ကြည့်ရှုအားပေးပြီး ဆုရရှိအသင်းများကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ စုပေါင်းထမနဲထိုးပြိုင်ပွဲကို မြန်မာ့ဓလေ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အတူတကွပူးပေါင်းဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီလိုစိတ်များရှိစေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။
