ပို့ကုန်ရငွေ၏ ၈၅ ရာခိုင်နှုန်းအထိ ပြင်ပတွင် လွတ်လပ်စွာရောင်းဝယ်နိုင်ပြီ

ပိုကုန်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်းအစား ၁၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့်လဲလှယ်ရန် ပြင်ဆင်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၆) ဖြင့် အသိပေးထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ ယခုကဲ့သို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ် ဇူလိုင်လအတွင်း၌ ပိုကုန်ရငွေပမာဏ၏ (၅ဝ)ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်းဖြင့် ကျပ်ငွေလဲလှယ်ရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါတယ်။

ထိုနောက် ဒီဇင်ဘာလတွင်လည်း ပိုကုန်တင်ပိုသူများအနေဖြင့် ပိုကုန်တင်ပိုခြင်းမှရရှိသည့် ပိုကုန်ရငွေပမာဏ၏ (၃၅)ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် အမိန့်ကြေညာစာ ထပ်မံထုတ်ပြန်ကာ ဖြေလျှော့ပေးခဲ့ပါတယ်။

#crd

Leave a Reply

Your email address will not be published. Required fields are marked *