၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို လာမည့် ဖေဖော်ဝါရီ ၇ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပမည်ဖြစ်ရာ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိင်းအစည်းအဝေးအား ဇန်နဝါရီ ၇ ရက်မွန်းလွဲပိုင်းကပြုလုပ်ခဲ့သည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းမှ အကယ်ဒမီပေးဆုများအတွက် ၂၀၂၅ ခုနှစ်အတွင်း ရုံတင်ဇာတ် ကားများထဲမှ ရွေးချယ်ထားသောဆန်ခါတင်ဇာတ်ကားများကို ဆုရွေးချယ်ရေးဆပ်ကော်မတီကအသေးစိတ်ကြည့်ရှုစစ်ဆေးနေပြီဟု ပြောသည်။
ထို့ပြင် အခမ်းအနားပြင်ဆင်ရေးအား Forever Group Company Limited နှင့်ပေါင်းစပ်၍ ယခင်နှစ်များထက်ပိုမိုကောင်းမွန်အောင်ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို ခမ်းခမ်းနားနား အောင်အောင်မြင်မြင်ကျင်းပနိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုသည်ဟုလည်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဦးစီးကော်မတီ ဒု- ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဦး စီးကော်မတီအတွင်းရေးမှူး ပြန်ကြားရေးဝန်ကြီးဌာန အ မြဲတမ်းအတွင်းဝန်၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဦးစီးကော်မတီအဖွဲဝင်များနှင့် ဆပ်ကော်မတီဥက္ကဋ္ဌများက ကဏ္ဍအလိုက်ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။
