လေ့ကျင့်ရေးစင်တာများဖွင့်လှစ်၍ အသက် (၁၄)နှစ်အောက်ကစားသမားများ လေ့ကျင့်သင်ကြားပေးလျက်ရှိ

မြန်မာ့ဘောလုံး ဖွံဖြိုးတိုးတက်ရေးအတွက် ဒေသ(၅)ခုဖြစ်သည့် မော်လမြိုင်၊ နေပြည်တော်၊ ကချင်၊ မန္တလေး၊ တောင်ကြီးနှင့် ဧရာဝတီတိုင်းတိုတွင် လေ့ကျင့်ရေးစင်တာများဖွင့်လှစ်၍ အသက်(၁၄) နှစ်အောက် အမျိုးသား/အမျိုးသမီး ကစားသမားများကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း အဖွဲချုပ်ထံက သိရသည်။

ယင်းသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ် (MFF)နှင့် ကမ္ဘာ့ဘောလုံးအဖွဲချုပ်နှင့် ပူးပေါင်း၍ ရွက်ပုန်းသီး မျိုးဆက်သ စ်များ ပေါ်ထွက်လာရေးအတွက် Regional Training Center ဒေသအလိုက် ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်းဆိုသည်။

အဆိုပါ ကစားသမားများ အနေဖြင့် သက်တမ်းအလိုက် လိဂ်ပြိုင်ပွဲများ၊ ဖလားပြိုင်ပွဲများတွင် ပါဝင်ကစားပြီး ခြေစွမ်းထူးချွန်သူများအနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းများတွ င် ရွေးချယ်ခံရနိုင်သည့် အခွင့်အလမ်းများရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *