❝ထိုင်းနိုင်ငံမှာ အလှူကိုလာတဲ့ကားတစ်စီး မြောင်းထဲထိုးကျလို မြန်မာလုပ်သား ၆ ဦး သေဆုံး❞

ထိုင်းနိုင်ငံ ၊ ပသုန်ထာနီခရိုင်၊ သန်းယဘူရီမြိုနယ်မှာ အလှူပွဲကိုလာရောက်တဲ့ ပစ်ကပ်ကားတစ်စီးဟာ အရှိန်လွန်ကာ လမ်းဘေးရေမြောင်းထဲ ထိုးကျခဲ့လို မြန်မာနိုင်ငံသား ၆ ဦး သေဆုံးခဲ့တဲ့ဖြစ်စဥ်တစ်ခု ဒီဇင်ဘာ ၃၀ ရက်၊ ည ၁၀ နာရီအချိန်က ဖြစ်ပွားခဲ့တယ်လို ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။ 

ရဲတပ်ဖွဲရဲ့ ထုတ်ပြန်ချက်အရ အဲဒီကားပေါ်မှာ ယာဉ်မောင်းအပါအဝင် မြန်မာလုပ်သား ၁၃ ဦးပါဝင်တယ်လို သိရပြီး ယာဉ်မောင်းဖြစ်သူဟာ လမ်းကျွမ်းကျင်မှုမရှိတဲ့အတွက် လမ်းဖြောင့်အတိုင်း မောင်းနှင်လာရာကနေ ရေမြောင်းကိုဖြတ်ကျော်တဲ့ မြေအောက်လှိဏ်ခေါင်းလမ်း အကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ အကာအရံတွေတိုက်မိပြီးမှ ရေထဲထိုးကျသွားခြင်းဖြစ်နိုင်တယ်လို သုံးသပ်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *