ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော်ဘူတာကြီးသို့ သွားရောက်ကြည့်ရှု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ယနေ့နံနက်ပိုင်းတွင် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်ဘူတာကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် နေပြည်တော်မှရန်ကုန်သို့ ထွက်ခွာမည့် ဒီဇယ်လျှပ်စစ်သုံး  (DEMU)အစုန်ရထားဘူတာရုံ၌ ဆိုက်ကပ်ထားရှိမှုနှင့် ဘူတာရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ်ဘူတာရုံအတွင်းရှိ လူသွားစင်္ကြံအား အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်လိုအပ်မှုနှင့် ရထားဘူတာရုံအတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေးနှင့်မျက်စိပသာဒဖြစ်စေရေး၊ ရထားဝန်ထမ်းများနှင့် ခရီးသည်များ၏သွားလာနေထိုင်မှုများ စည်းကမ်းစနစ်တကျဖြစ်စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက်နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ပုဗ္ဗသီရိမြို့နယ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်၍ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *