ရန်ကုန်မြို၊ ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်ထားသည့် အာကာသပြတိုက်(ရန်ကုန်)သို လာရောက်ကြည့်ရှုလေ့လာသူ များပြားတာကြောင့် စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် အချိန်တိုးမြှင့်၍ ဖွင့်လှစ်လျက်ရှိပါတယ်။ အာကာသပြတိုက် (ရန်ကုန်)ကို စတင်ဖွင့်လှစ်ချိန်မှာ အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ခဲ့ပေမယ့် လာရောက်လေ့လာသူများပြားလာခြင်းကြောင့် ဒီဇင်ဘာလ ၁၃ ရက်ကစပြီး စနေနေ့၊ တနင်္ဂနွေနေ့နဲ့ အစိုးရရုံးပိတ်ရက်တွေမှာ နံနက် ၈ နာရီမှ ၁၂ နာရီအထိ၊ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ပြတိုက်ဖွင့်လှစ်ချိန်ကို တိုးမြှင့်ခဲ့ပါတယ်။ ကျန်ရက်များကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်။
အာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်ချိန်တိုးမြှင့်
