သံကူကွန်ကရစ်တံတားအား PDF အမည်ခံအကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီး မန္တလေး- မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အား ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင် ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့၏ တောင်ဘက်မီတာ ၇၀၀၀ ခန့်အကွာရှိ ဇရပ်ကွင်းကျေးရွာအနီးသို့ ရောက်ရှိစဉ် PDF အမည်ခံအကြမ်းဖက်သမားများက  လက်နက်ငယ်များဖြင့်စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများသည် ကျေးရွာ၏ တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ 

အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများသည်  ၎င်းတို့ဆုတ်ခွာထွက်ပြေးစဉ်ဇရပ်ကွင်းကျေးရွာအနီး မန္တလေး- မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အား ဆက်သွယ်ထားသည့်  တံတားအရှည် ၈၀ ပေ၊ အကျယ် ၁၅ ပေရှိ သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖောက်ခွဲခဲ့ရာ တံတားအောက်ခြေတိုင်များ ပြိုကျပျက်စီးခဲ့ပြီး ပျက်စီးမှုကြောင့်    လူနှင့်ယာဉ်များ ဖြတ်သန်းသွားလာ၍မရကြောင်း    သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *