ဆီးဂိမ်းပြိုင်ပွဲဝင် ရိုးရာဖိုက်တာ နော်ဥမ္မာစိုးနှင့် စူပါရေချမ်း ဆီမီးဖိုင်နယ်သို တက်ရောက်

ဆီးဂိမ်းပြိုင်ပွဲဝင်တွင် ရောက်ယှဉ်ပြိုင်နေသည့် ရိုးရာဖိုက်တာ နော်ဥမ္မာစိုးနှင့် စူပါရေချမ်းတို ပြိုင်ဘက်ဖိုက်တာများကို အနိုင်ယူကာ ဆီမီးဖိုင်နယ်သို တက်ရောက်သွားပြီဖြစ်သည်။

ရိုးရာဖိုက်တာ နော်ဥမ္မာစိုးက ဖိလစ်ပိုင် ဖိုက်တာကို အနိုင်ယူခဲ့သလို ရိုးရာဖိုက်တာ စူပါရေချမ်းကလည်း ပြိုင်ဘက် လာအိုဖိုက်တာကို အနိုင်ရယူခဲ့ခြင်းဖြစ်သည်။

ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလက်ဝှေ့အား ကစားသမားများတွင် ရိုးရာလက်ဝှေ့ကျော် ရာမာန်၊ သွေးလင်းထက်၊ ထွန်းမင်းအောင်၊ ထွန်းမင်းနိုင်၊ ဆလိုင်းထန်ခွီးရှိန်တိုပါဝင်ကြသလို အမျိုးသမီးများအနေဖြင့် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ဆီးဂိမ်းလက်ဝှေ့ပွဲစဉ်များကို ယခု ဒီဇင်ဘာ (၁၃) ရက်၌ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ONE ပွဲစဉ်များ ပုံမှန်ကျင်းပသည့် Lumpinee Boxing Stadium ကွင်းတွင် ကျင်းပပြုလုပ်‌နေခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *