ဗိုလ်မှူး သူရ သန်းထွန်းလင်း…
ဗိုလ်မှူး သူရ သန်းထွန်းလင်းကို ၁၉-၂-၁၉၈၈ ရက်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်တွင် မွေးဖွားခဲ့ပါသည်။ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၅၁)တွင် သင်တန်းတက်ရောက်ခဲ့ပြီးနောက် လေတပ်စခန်းဌာနချုပ်များရှိ ရဟတ်ယာဉ်အုပ်များတွင် အုပ်လေသူရဲအဖြစ် အသီးသီး တာဝန်ထမ်းဆောင်ခဲ့ပါသည်။
🎖(သူရဘွဲ့ရရှိခဲ့မှု)🎖
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်၊ မေလ ၃ ရက် ၀၆၀၀ နာရီ မှ ၁၉၀၀ နာရီအထိဖြစ်ပွားခဲ့သော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ စီဟက်ဒေသ ခန့်မှန်းမြေပုံညွှန်း (အယ်လ်အိပ်ခ်ျ——)တွင် မိမိတပ်ဖွဲ့ဝင်များအား ဝင်ရောက်တိုက်ခိုက်နေသော KIA အကြမ်းဖက်သောင်းကျန်းသူများနှင့် နိုင်ငံရေးအမြင်ကျဉ်းမြောင်းသည့် လူငယ်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ ၅၀၀ ဦးခန့်မှ ၁၀၀၀ ဦးခန့်ဖြင့် အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေစဉ် အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများအား ပစ်ခတ်ချေမှုန်းရန် စွန်ရဲအုပ်ဖွဲ့မှ ဒုတိယရဟတ်ယာဉ်၏ ဦးစီးလေသူရဲဖြင့် ဖွဲ့စည်းပါဝင်ခဲ့ပါသည်။
ပစ်မှတ်နေရာသို့ပျံသန်းရောက်ရှိစဉ် ခေါင်းဆောင် ရဟတ်ယာဉ်မှ ပထမအကြိမ်ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ပြန်လည် ထွက်ခွာစဉ် ခေါင်းဆောင် ရဟတ်ယာဉ်အတွက် နောက်ပိုင်းလုံခြုံရေးနှင့် ပစ်မှတ်အား ချေမှုန်းတိုက်ခိုက်ရန်အတွက် ဗိုလ်မှူး သန်းထွန်းလင်း၏ ရဟတ်ယာဉ်သည် ပစ်မှတ်အား ပစ်ခတ်တိုက်ခိုက်နေစဉ်အတွင်း ရန်သူ၏ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ၍ ခန့်မှန်းမြေပုံညွှန်း(အယ်လ်အိပ်ခ်ျ——) နေရာသို့ ရဟတ်ယာဉ်ပျက်ကျ၍ မီးလောင် ပျက်စီးကာ ကျဆုံးခဲ့ရပါသည်။
မိမိ၏တပ်စခန်းအား သိမ်းပိုက်ရန်အတွက် ထိုးဖောက်တိုက်ခိုက်နေသော ရန်သူအား မိမိ၏အသက်ကိုပဓာနမထားဘဲ အနီးကပ် လေကြောင်းပစ်ကူပေးခြင်း၊ နိုင်ငံတော်နှင့်တပ်မတော်အတွက် ရဲဝံ့ပြောင်မြောက်စွာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သဖြင့် ဗိုလ်မှူး သန်းထွန်းလင်းအား နိုင်ငံတော်မှ သူရဘွဲ့ချီးမြှင့်ခဲ့ပါသည်။
(အကျဉ်းမျှသာ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်)
တိုက်ပွဲသတင်းစုံ
