ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ စကားတွေထဲက စစ်သား တစ်ယောက်အနေနဲ့၊ ပြည်သူ တစ်ယောက်အနေနဲ့ သိပ်ကြိုက်ဖို့ ကောင်းတဲ့ စကားလုံးတွေ ပါတယ်။ အထူးသဖြင့် အချက် (၃)ချက်တွေ့တယ်။
နံပါတ်တစ်အချက်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲက နိုင်ငံတကာ ရွေးကောက်ပွဲမဟုတ်ဘူး။ ဘယ်နိုင်ငံတွေ ထောက်ခံ ခြင်း၊ မထောက်ခံခြင်းက ကိုယ်တွေအလုပ်မဟုတ်ဘူး ဆိုပြီး ပြောတဲ့တစ်ချက်။
နံပါတ်နှစ်အချက်က မကောင်းတဲ့သွေး ဖောက်ထုတ်ပြစ်မယ်ဆိုတဲ့ စကားလုံး။ ဒါက လက်ရှိ ကရင်ပြည်နယ်ထဲက လက်နက်ကိုင်တွေထဲမှာကို ပိုက်ဆံရရင်ပြီးရော ပုံစံနဲ့ ကျားဖျန့် ရုံတွေ နေရာပြောင်းရွှေ့နေတဲ့ သတင်းတွေကို မက်ဆေချ့် ပေးလိုဟန်ရှိတယ်။ ဒီစကားလုံးက အတော်တာ သွားတယ်။ မဟုတ်ရင်…BGF က တပ်မတော်လက်အောက်ခံ ဖြစ်လို့ ၊ တပ်မတော်က ဘာလိုလို ညာလိုလို ဆိုတဲ့စကားတွေ ပြောခံရတာ သိပ် ကြားရတာ အဆင်မပြေဘူး။
နံပါတ်သုံး အချက်က KNU ကို မင်း ကလေး အကွက်တွေ ထလုပ်မနေနဲ့ဆိုပြီး ပြောသွား တာ။ အရှင်းဆုံး သက်သေအနေနဲ့ ထိုင်းဘက်ကို လက်နက်နဲ့ ပစ်တဲ့ Video ဖိုင်နဲ့ပါ သတင်းမီဒီယာတွေရှေ့ ချပြသွားတာ။
ပြောရရင်…အစိုးရတစ်ရပ်အနေနဲ့ ဒီလို မာမာထန်ထန် ဖြစ်တဲ့ သတင်းစာရှင်းလင်းပွဲတွေ မကြာခဏ လုပ်ပေးစေချင်ပါတယ်။ မြောက်ဦးကိစ္စနဲ့ပတ်သက်ပြီး အသံထွက်နေတဲ့ မလေးရှား၊ အာဆီယံနဲ့ ဘင်္ဂလားဒေရှ့် သံအမတ်တွေကိုလည်း သီးသန့်ခေါ်ပြီး ကောင်းကောင်းလေး လက်ချာရိုက်ပေးစေချင်ပါတယ်။
(နရီမိုး)
