ဒဏ်ရာရတဲ့ PDF လေးက အမေ့အိမ်ကိုပြန်ချင်တယ်တဲ့

စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာရှိ အကြမ်းဖက် MDY-PDF စခန်းသိမ်းတိုက်ပွဲမှာ အရှင်ဖမ်းဆီးရမိသည့် PDF တစ်ဦးကို တပ်မတော်မှ ဆေးကုသပေးပြီး လူသားချင်းစာနာစွာ ကျွေးမွေးစောင့်ရှောက်ပေးထားပါတယ်။

‘ဒဏ်ရာရတဲ့ PDF လေးက အမေ့အိမ်ကိုပြန်ချင်တယ်တဲ့”🥺🥺🥺

ကိုယ့်ညီ ကိုယ့်သားအရွယ်လေးတွေ လမ်းမှာရောက်နေကြတာစိတ်မကောင်းဘူး။

အချိန်မနှောင်းခင် အလင်းဝင်ကြပါ။မင်းတို့ဘဝတွေက အသုံးချခံသက်သက်ပဲဆိုတာ နားလည်သဘောပေါက်သင့်ပြီ။

မင်းတို့နဲ့ ငါတို့ဆိုတာ တစ်ခါမှ မမြင်ဘူးသလို ရန်သူတွေလည်းမဟုတ်ပါဘူး။

မှားယွင်းတဲ့ အသိတွေအောက်မှာ လွဲမှားတဲ့ လုပ်ဆောင်မှုတွေကိုရပ်သင့်ပြီ။

(မှိုင်းဝေ)
တိုက်ပွဲသတင်းစုံ

Leave a Reply

Your email address will not be published. Required fields are marked *