မနေ့က တပ်မတော်ထုတ်ပြန်တဲ့ Statement ကို သဘောကျတယ်။ မြောက်ဦးကို ဘာလို့ ဗုံးကြဲလဲ ဆိုတဲ့ မေးခွန်းကို စစ်အခြေစိုက်စခန်းအဖြစ်နဲ့ အကာအကွယ်လုပ်နေလို့ ဆိုတဲ့ တစ်ကြောင်းတည်းနဲ့ ပြန်ဖြေခဲ့တယ်။
ရခိုင်လူမျိုးရေး အစွန်းရောက်ဖြစ်စေတဲ့ ဝေဟင်အောင် တို့ကို အလျော့ပေး လွှတ်လိုက် တာကလည်း မှားတယ်။ တခါတလေ ဘာမှ သေချာမသိတဲ့ ရခိုင်လူထု တွေက ဒီမောင်တွေ ရဲ့ လူမျိုးရေးအစွန်းရောက်စကားတွေကြားမှာ ပိုပြီး ပဋိပက္ခ ဖြစ်စေတယ်။ ခုလည်း ရခိုင်ပြည်မှာဖြစ်ခဲ့တဲ့ လူပေါင်း ၉၀၀ ကျော် သတ်ခံရတဲ့ဖြစ်စဉ်ဟာ လက်နက် မချလို့ တိုက်ခိုက်ရတာဆိုပြီး ဒီမောင်တွေက ဒီဖြစ်စဉ်အပေါ်၊ ဒီလုပ်ရပ်ဟာ မှန်ကန်ကြောင်း အကြမ်းဖက် AA ကိုယ်စား အကြောင်းပြထားတယ်။ သင်္ဘောတစ်စီးလုံး ဒရုန်းစာ မိထား တယ်။ အလံဖြူတွေလည်း ထောင်ထားတဲ့ကြားထဲကနေ လူမျိုးရေးအစွန်းရောက်နဲ့ အားလုံးကို သတ်ခဲ့တာက သာမန် အစွန်းရောက်တာတောင် မဟုတ်ဘူး။
လက်ရှိ တပ်မတော်ထုတ်ပြန်တဲ့ သတင်းဓာတ်ပုံတွေထဲမှာ အကြမ်းဖက် AA တွေ ပါဝင်တဲ့ ဓာတ်ပုံမြင်ကွင်းတွေ အများကြီးပဲ။ ပိုပြီး သေချာစေတာက ရခိုင်လူမျိုးတွေကိုယ်တိုင် တင်ထားတဲ့ ဓာတ်ပုံတွေ တွေ့ရလိမ့်မယ်။ လူမျိုးရေးကို အကြောင်းပြပြီး လူသစ် တွေ စုထားတော့ စစ်ပွဲဟာ အကြမ်းဖက် AA နဲ့ တပ်မတော်ကြားက စစ်ရေးပဋိပက္ခဆိုတာ ထက် လူမျိုးရေးဘက်ကို ဦးတည်သွားတာ တွေ့ရတယ်။ ဘယ်နိုင်ငံတကာ တပ်မတော် ကမှ အစိုးရဲ့ အချုပ်အခြာအာဏာဆုံးရှုံးမှုကို ဒီတိုင်း လက်ပိုက်ကြည့်နေမှာမဟုတ်ဘူး။ ဆိုတော့…တပ်မတော်ရဲ့ ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုဟာ နယ်မြေပြန်လည် သိမ်းပိုက်ဖို့အထိ သက်ရောက်မှု ရှိလိမ့်မယ်လို့ ယူဆတယ်။
တပ်မတော်နဲ့ အစိုးရဘက်က အလုပ်သင့်ဆုံးကတော့…လက်ရှိ ပြဿနာတွေဟာ နိုင်ငံရေး ပဋိပက္ခတွေ ဖြစ်တယ်။ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို အစိုးရထိန်းချုပ်မှု အောက်ရောက်ဖို့ မဖြစ်မနေ ပြန်လည် ကြိုးစားမယ်။ စစ်ရေးနဲ့ဆန့်ကျင်တဲ့ နိုင်ငံရေး ဆွေးနွေးမှု တွေကို လက်သင့်ခံကြိုဆိုသလို အကြမ်းဖက်နဲ့ ဆက်နွယ်တဲ့ နေရာဒေသ တွေကို အလုံးစုံ ထိုးစစ်ဆင်နွှဲပြီး မူလ အခင်းအကျင်းပြန်ရောက်အောင် လုပ်ဆောင်သွား မယ် ဆိုတဲ့ ကြေညာချက်မျိုး လမ်းခင်း ထားသင့်တယ်။ သဘောက အကြမ်းဖက် AA နဲ့ မပတ်သက်ဖို့၊ မထောက်ခံဖို့ စည်းကြိုတားထားသင့်တယ်။
စစ်ပွဲသဘောသဘာဝကတော့ တတက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်ပါပဲ။ တချို့ ငြိမ်းချမ်းရေး စာချုပ်တွေ အသက်ဝင်တယ် ဆိုတာက… နှစ်ဖက်အဖွဲ့အစည်းကြားမှာ အပစ် အခတ်ရပ်စဲလိုက်တာမျိုးလည်း ဖြစ်နိုင်သလို ရန်သူကို လုံးဝ မထူနိုင်အောင် တိုက်ခိုက် လိုက်တာမျိုးလည်း ဖြစ်တယ်ပေါ့။ ငြိမ်းချမ်းရေး လမ်းကြောင်းကို မသွားချင်ဘူး၊ ကွန်ဖက်ထရိတ်မှ ကွန်ဖက်ထရိတ်၊ ဒီနယ်မြေမှာ ဘယ်တိုင်းရင်းသားမှ အခြေချတာမျိုး လက်မခံဘူး၊ ဗဟိုပြည်ထောင်စုရဲ့ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်ဖို့လည်း လက်သင့်မခံနိုင်ဘူးဆိုရင်…ဒါက အနာဂတ်မှာ ပြည်ထောင်စုအတွက် အန္တရာယ်သိပ်ကြီးပါတယ်။ ဒါကို ဖက်ဒရယ် သဘောတရားပါဆိုပြီး လစ်လျူရှုလိုက်လို့ မရပါဘူး။
ရခိုင်ဒေသဟာ ပထဝီနိုင်ငံရေးအရ သိပ်ကစားလို့ ကောင်းတဲ့ ခတ်ကွင်းနယ်မြေ ဖြစ်နေ တယ် ဆိုတာ သဘောပေါက်ကြရမှာဖြစ်တယ်။
(နရီမိုး)
တိုက်ပွဲသတင်းစုံ
