မိုးကုတ်၊ မိုးမိတ်ဖြစ်စဉ်အတွင်း လူရာဝင်ချင်မှုဇာတ်သိမ်းသွားရတဲ့ NUG/ PDF

မိုးကုတ်မြို့ကို တပ်ကို ပြန်ပေးဖို့အတွက် ပလောင်တွေက လုံခြုံရေးယူပေးရမယ့် အခင်းအကျင်းကို မြင်ကြည့်လိုက်။ နွေဦးတော်လှန်ရေးက ရှုံးပြီလို့ တွက်လို့ ရနေပြီ။ တကယ်တော့  ကူမင်း သဘောတူညီချက်က အလကား မှ မဟုတ်ဘဲ။

တကယ်လို့ ဒီနေရာမှာ ကူမင်း သဘောတူညီချက် မရှိခဲ့ရှိခဲ့ရင်လည်း တပ်က ဒီမြို့တွေကို ရအောင်ပြန်သိမ်းမှာပဲ။  ဘာကြောင့် ပလောင်တွေ မြို့ပြန်အပ်ပြီး အပစ်အခတ် ရပ်လိုက်ရသလဲမေးရင်…. နောက်ဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင် နိုင်ငံရေးအရ မသေချာတော့ဘူးလို့လည်း ပြောလို့ရတယ်။

ဒါပေမယ့် လက်တွေ့ကျတဲ့ အဖြေကတော့ ဒီမြို့တွေက နဂိုကတည်း ပလောင်ဒေသလည်း မဟုတ်ဘူး။ ရသလောက်လည်း မြို့ကို နည်းမျိုးစုံနဲ့ အခွံခွာလို့ပြီးပြီ။  အနည်းဆုံးတော့ ပလောင်ဒေသမှာ လေကြောင်းတိုက်ခိုက်မှု မခံရတော့ဘူး။ ဒါက ပလောင်တွေရဲ့ အဓိက လိုလားချက်လည်း ဖြစ်တယ်ပေါ့။

မြို့ကို ကာကွယ်မယ်ဆိုပြီး အညာ ပဒက်တွေ တက်လာကြပေမယ့် ကူမင်း သဘောတူညီချက်က NUG နဲ့ ညှိကြတဲ့ စာချုပ်မှ မဟုတ်ဘဲ။ ပိုဆိုးတာက NUG နဲ့ ပလောင်တပ်တွေကြားက ဘာစစ်ရေးမဟာမိတ် စာချုပ်လည်း ရှိဟန်လည်း မတူဘူး။ ဒါ့ကြောင့်လည်း တချို့ MDY PDF တွေက NUG ရဲ့ MOD ထဲကို မဝင်ကြတာလို့ သုံးသပ်ရနိုင်တယ်။ လက်ရှိ မိုးကုတ်မြို့အနေအထားကလည်း စိုးသူရဇော်တို့ နဲ့ NUG ထိပ်ပိုင်းကြားမှာ ခွဲတမ်းကျ အခွန်တွေနဲ့  ” ဝေစား၊မျှစား” လုပ်ထားပုံ ရတယ်။

ဒီချိန်မှာ ပလောင်တွေကို ကြိတ်နိုင်ခဲမရဖြစ်လည်း ပလောင်ရဲ့ ရည်မှန်းချက်က စစ်တပ်ပြုတ်အောင်တိုက်ဖို့ဆိုတာထက် နယ်မြေတိုးပြီး ပြည်နယ်ရချင်တာက သူတို့ရဲ့ အဓိက ရည်မှန်းချက်ပဲလေ။ တိုင်းရင်းသား EAO တွေရဲ့ လောဘက ဒီနိုင်ငံမှာ ဘယ်ပါတီ အစိုးရတက်ဖြစ်ဖြစ်၊ အဓိက သူတို့ လုပ်ပိုင်ခွင့် ဘောင်ကျယ်နေရင် ရပြီ ဆိုတဲ့ အတွေးပဲ ရှိတယ်ဆိုတာကို အညာပဒက်တွေ သဘောပေါက်ဟန် မရှိသေးဘူး။

NUG ဆိုတာက နိုင်ငံရေးအရ ရပ်တည်ခွင့်ရဖို့ ပြည်ပကနေ လှုံ့ဆော်အားပေးတယ်။ ဖက်ဒရယ် ပဋိဉာည်တွေ အကြောင်း ပြောရအောင်ကလည်း KNU နဲ့ KNPP တို့လို EAO တွေ ကအစ နှုတ်ထွက်သွားတဲ့ NUCC ကလည်းဘဘာအလုပ်မှဖြစ်မနေချိန်မှာ ပလောင်နဲ့ ကိုးကန့်ကအစ လက်တွဲဖြုတ်သွားတဲ့ ဒီအခင်းအကျင်းကို နိုင်မယ်လို့ ထင်နေသေးရင်တော့ …..ရူးနေလို့ပဲလို့ ပြောရတော့မှာပဲ။

ကုန်ကုန် ပြောရရင် စစ်ရေးအရလည်း ထိရောက်မှု မရှိ၊ မဟာမိတ် EAO တွေကလည်း တကိုယ်‌ရေ ကိုယ်ကျိုးအတ္တ များနေချိန်မှာ မိုးကုတ်မြို့ကို အသက်ပေးကာကွယ်သွားမယ်ဆိုတဲ့ PDF တွေရဲ့ လူရာဝင်ချင်မှုကလည်း  ဒီမှာပဲ ဇာတ်သိမ်းသွားပြီလို့ ပြောလို့ရသွားခဲ့ပါပြီ။

▪️(နရီမိုး)

Leave a Reply

Your email address will not be published. Required fields are marked *