အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာခံထားရတဲ့ KNU သူပုန်အနေဖြင့် နိုင်ငံတော်ရဲ့ တိုးတက်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ဖျက်ဆီးနေရုံမျှမက နိုင်ငံတော်အစိုးရပိုင် အခြေခံအဆောက်အဦများကိုလည်း နည်းလမ်းမျိုးစုံဖြင့် အဖျက်အမှောင့် လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိနေပါတယ်။
မကြာသေးမီက အကြမ်းဖက် KNU ပိုင် KK PARK ကို တပ်မတော်စစ်ကြောင်းများ ကျားဖြန့်နှိမ်နှင်းရေးဆောင်ရွက်ပြီးတဲ့အချိန် နိုင်ငံတကာကလည်း ကျားဖြန့်တွေကို ပူးပေါင်းချေမှုန်းတော့မယ်လို့ ထုတ်ပြန်တဲ့အချိန်၊ ကျားဖြန့်လုပ်ငန်းတွေမှာ KNU ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကွယ်ထူးဝင်းပါဝင်ပတ်သက်ထားတဲ့ အထောက်အထားတွေကလည်း ရှိနေတော့ KNU အနေဖြင့် သူ့အပေါ်ကျလာတဲ့ မီးခဲ့ကို ခါထုတ်တဲ့သဘောနဲ့ DKBA ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မင်းလက်ပံက ကျားဖြန့်ဆိုဒ်ကို ဝင်စီးခဲ့တယ်ဆိုပြီး DKBA ပေါ်ကို အပြစ်ပုံချလာတဲ့ အနေအထားမျိုးတွေ့လာရပါတယ်။
ဒါကြောင့်မို့ KNU ဒီလိုလုပ်လိုက်တဲ့ အခြေအနေဟာ DKBA လက်နက်ကိုင်အဖွဲ့ကို ရည်ရွယ်ချက်ရှိရှိ နိုင်ငံတာကာကိုချပြပြီး ဖြိုခွင်းဖို့ ကြံရွယ်နေတာလားဆိုတာကတော့…..
နောက်ပိုင်း ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ ပွဲကြည့်စင်က ဆက်ကြည့်ရတော့မယ်…..

