ဘာသာရေးအရေခြုံပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုကို စော်ကားလာတဲ့ ကမ္ဘာလုံးဆိုင်ရာခရစ်ယာန်ညီညွတ်ရေးအဖွဲ့ (CSW) ကို အစိုးရထုတ်နေ့စဉ်သတင်းစာတွေက ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါပြီ…
CSW ရဲ့ နိုဝင်ဘာလ ၄ ရက်နေ့ ထုတ်ပြန်ချက်ဟာ အချက်အလက် ခိုင်မာမှုမရှိ၊ ပရမ်းပတာ စွပ်စွဲထားတဲ့ ဝါဒဖြန့်စာရွက်တစ်စောင်သာဖြစ်ကြောင်း။
အကြမ်းဖက်အုပ်စု လိုသလို ပုံဖော်ထားတဲ့ သတင်းအမှားတွေကို သံယောင်လိုက် စည်းကမ်းမဲ့ ပြောဆိုချက်တွေဟာ မြန်မာပြည်သူတွေကို မခန့်လေးစားပြုမူ ပြောဆိုရာ ရောက်သလို အကြမ်းဖက်အားပေးလုပ်တဲ့ စော်ကားမှုသာဖြစ် ကြောင်း။
International Humanitarian Law-IHL အရ ကာကွယ်ထားတဲ့ နေရာတစ်ခုကို စစ်စခန်းအဖြစ် အသုံးပြုလိုက်တဲ့ အချိန်မှာ အဲ့ဒီနေရာဟာ တရားဝင်စစ်ရေးပစ်မှတ်(Legitimate Military Target) ဖြစ်သွားလို့ ဘုရားကျောင်းတွေ စစ်ဘေးကြောင့် ထိခိုက်ပျက်စီးရခြင်းဟာ အကြမ်းဖက်သမားတွေကြောင့်သာဖြစ်ကြောင်း။
ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ဘာသာရေးအဆောက်အအုံများ မူလပုံစံမပျက် ပြန်ဆောက်စေချင်ဟာ UNESCO နဲ့ ICOMOS တို့ရဲ့ နိုင်ငံတကာစံနှုန်းသာဖြစ်ကြောင်း။
ဘယ်နိုင်ငံတကာအဖွဲ့အစည်းကမှ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့ ဥပဒေတစ်ရပ်ကို ရုပ်သိမ်းမိလို့ ဝင်ရောက်နှောင့်ယှက်စွက်ဖက်တာမျိုး ခွင့်မပြုနိုင်ဘူးဆိုတာ အတိအလင်း သိရှိထား သင့်ကြောင်း။
ပြည်သူအများစုရဲ့ ဆန္ဒအမှန်က ပိတ်ဆို့အရေးယူမှုတွေ၊ စွက်ဖက်မှုတွေ မဟုတ်ဘဲ အကြမ်းဖက်မှုတွေ အမြန်ဆုံး ရပ်တန့်စေချင်ကြောင်း။
ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးပဋိပက္ခကို မီးထိုးပေးတာ၊ အကြမ်းဖက်အားပေး ထောက်ခံတာတွေကို ရပ်တန့်ဖို့ CSW အဖွဲ့ကို သတိပေးတောင်းဆိုကြောင်း။
ဖော်ပြထားတဲ့ ဆောင်းပါးနဲ့ အချက်အလက်များ လူမှုကွန်ရက်မှာ ပြန့်နှံ့နေပြီး အင်္ဂလိပ်ဘာသာနဲ့ CSW အဖွဲ့ရုံးစိုက်ရာ လန်ဒန်မြို့က CSW ရုံးချုပ်ကို ပေးပို့ထားကြောင်း သိရပါတယ်..
ခင်ညိုချော
