မင်းတုန်းမြို့နယ်တွင် ခရီးသွားကားတစ်စီးကို PDF အကြမ်းဖက်အဖွဲ့က ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ခရီးသွားမော်တော်ယာဉ်တစ်စီးကို သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဖြစ်စဥ်မှာ မင်းတုန်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ ကိုဇော်နိုင်လင်း(၂၅)နှစ် သည် တစ်ရပ်ကွက်တည်းနေ ဦးမျိုးကျော်၊ ကျွဲဘေးကျေးရွာနေ ဦးဟိန်းမင်းထက်တို့နှင့်အတူ မော်တော်ယာဉ်တစ်စီးဖြင့် မင်းတုန်းမြို့မှ ပြည်မြို့သို့ ပုသိမ်-မုံရွာကားလမ်းအတိုင်း မောင်းနှင် ထွက်ခွာလာစဉ် မဲဇလီကျေးရွာအနီးအရောက်တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လမ်းဘေးမှ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 𝙈𝙃𝙏𝙉𝙀𝙒𝙎

Leave a Reply

Your email address will not be published. Required fields are marked *