နတ်ရေကန်တောင် (သို့) ဒုတိယတောင်ခမ်း

နတ်ရေကန်တောင်စခန်းကို အကြမ်းဖက် AA သူပုန်တွေတိုက်နေတာ ရက်ပေါင်းအတော်ကြာခဲ့ပြီး အခုဆို ပဇီရွာ၊ ဂုတ်ကြီးရွာ အပြင်ဘက်တွေ ရောက်ကုန်ကြပြီ။ အဲဒီဘက် တိုက်ပွဲဖြစ်စဉ်တွေမှာ အကြမ်းဖက်သူပုန်တွေ အကျအဆုံးများသလို ထွက်ပြေးတဲ့သူတွေ အရမ်းများလို့ AA ခေါင်းဆောင်ပိုင်းတွေက တပ်ပြေးဖမ်းဆီးရေးအဖွဲ့တွေဖွဲ့ပြီး လိုက်လံဖမ်းဆီးနေရသလို တပ်ဖွဲ့အတွင်းမှာလည်း ပရမ်းပတာနဲ့ ပွဲပျက်လျက်ရှိတယ်။

အကြမ်းဖက် AA ခေါင်းဆောင်ပိုင်းတွေရဲ့ အသိဉာဏ်မဲ့ မဆင်မခြင် အမိန့်ပေးစေခိုင်းမှုတွေ၊ ဆေးကျွေးထားတော့ အသိစိတ်မဲ့ပြီး မိုက်ရူးရဲဆန်စွာ တက်လာကြတဲ့ မူးယစ်ကျေးကျွန်သူပုန်တွေ အတော်များများ သေဆုံးသွားကြပြီး အလောင်းတွေကို ၁၀ ယောက်တစ်ကျင်းနှုန်းနဲ့ မြှပ်နှံနေရပါတယ်။

ထွက်ပြေးတဲ့သူတွေကပြေး၊ တပ်မတော်အောက် အလင်းဝင်သူက ဝင်နဲ့ မူးယစ်ဆေးကြောင် AA သူပုန်အဖွဲ့ တော်တော်ပွဲပျက်နေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Fighting ပါ မြန်မာ့တပ်မတော်သူရဲကောင်းများ 🏆🏆🏆

Leave a Reply

Your email address will not be published. Required fields are marked *