🌻အိန္ဒိယနိုင်ငံ မှာ မြန်မာဘုန်းတော်ကြီးကျောင်း တည်ထောင်ပြီး သာသနာပြုနေတဲ့ဆရာတော်ကို လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ ဖမ်းဆီးသွားတဲ့ သတင်းက အွန်လိုင်းမှာ ပျံ့နှံ့နေတာ တစ်ပတ် ရှိသွားပါပြီ။
ဒီနေ့အထိလည်း ပြန်လွတ်တယ်ဆိုတဲ့ သတင်း မကြားရဘူး။ ဆရာတော်အဖမ်းခံရတဲ့သတင်းကို ကျုပ်တို့တွေ့သလို မီဒီယာတွေလည်း တွေ့ကြမှာပါ။ ဒါပေမယ့် မရေးကြဘူး။ မအော်ကြဘူး။ မဖော်ပြကြဘူး။ဆရာတော်ရဲ့နေရာမှာ အခြားဘာသာတွေရဲ့ ဘာသာရေးခေါင်းဆောင်တစ်ယောက် ဖြစ်ကြည့်။ တစ်ပတ်မကြာစေရဘူး။ မိနစ်ပိုင်းအတွင်း မီဒီယာအသီးသီးမှာ ပလူပျံအောင် အလုအယက်ဖော်ပြကြလိမ့်မယ်။ဒါမှမဟုတ် ဖမ်းဆီးတဲ့အဖွဲ့က သူတို့အမြင်ကပ်နေတဲ့အဖွဲ့ဖြစ်ကြည့်။
အလုအယက် သတင်းတင်ဆက်ကြမှာအသေအချာပဲ။အခုတော့ ဆရာတော်ကံဆိုးတယ်။ ဗုဒ္ဓဘာသာရဲ့ ဘာသာရေး ခေါင်းဆောင်တစ်ယောက် ဖြစ်နေတာကိုက မီဒီယာတွေရဲ့ မျက်ကွယ်ပြုစရာဖြစ်သွားခဲ့တယ်။မီဒီယာတွေ မီဒီယာပီသစေချင်တယ်။ ပြည်သူအတွက် အကျိုးပြုတဲ့ မီဒီယာတွေ ဖြစ်စေချင်တယ်။
မနေ့ကပဲ ကမ္ဘာကျော် မီဒီယာကြီးတစ်ခုဖြစ်တဲ့ BBC ရဲ့ ထိပ်ပိုင်းခေါင်းဆောင်နှစ်ယောက်ကို သူတို့အမှားအတွက် BBC ကနေ အနားယူတဲ့အကြောင်း BBC ကနေ ကြေညာပေးသွားတယ်။ကမ္ဘာကျော်မီဒီယာကြီးတောင် ကလိန်ကကျစ် လုပ်သေးတယ်ဆိုရင် တန်းမ၀င် ဘောင်မ၀င်တဲ့ မီဒီယာတွေဆို ဘယ်လောက်အထိ ကလိန်ကျကျစ်လုပ်လိမ့်မလဲဆိုတာ စဉ်းစားသာကြည့်ပေတော့။🌻 မီဒီယာတွေ မီဒီယာပီသကြစမ်းပါ။
🌻 ပြည်သူအတွက်ပဲ ရပ်တည်ကြစမ်းပါ။🌻 ပြည်သူက အားကိုးရတဲ့ မီဒီယာတွေ ဖြစ်အောင် ကြိုးစားကြစမ်းပါ။🌻 ပြည်သူကို ပြည်သူလို့မြင်ပြီး ပြည်သူတွေရဲ့နစ်နာမှုအတွက်ဆို ဘယ်လိုပြည်သူမျိုးပဲ ဖြစ်ဖြစ် ရဲရဲဝံ့ဝံ့ ရပ်တည်ပေးကြစမ်းပါ။🌻 ပြည်သူတွေရဲ့ ထိခိုက် နစ်နာမှုမှန်ရင် ဘယ်အဖွဲ့အစည်းကပဲ လုပ်လုပ် ရှေ့ထွက်ပြီး အော်ပြကြစမ်းပါ။.Credit##
