ပုပ္ပါးအနီးမှာ တံတားဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာတစ်ဦး PDF ဖမ်းဆီးခြင်းခံရ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြိုနယ်၊ ပုပ္ပါးကျေးရွာအနီးမှာ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြိုနယ် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ(၅)မှ အငယ်တန်းအင်ဂျင်နီယာတစ်ဦး PDF များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း အစိုးရသတင်းဖော်ပြမှုအရ သိရသည်။

ဖမ်းဆီးခံရသူမှာ အငယ်တန်းအင်ဂျင်နီယာ(၁) (မြိုပြ)ဖြစ်သူ ဦးဇော်လင်း(၄၆)နှစ်ဖြစ်သည်ဟု သိရပြီး နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီအချိန်က ဆိပ်ဖြူမြိုနယ်မှ ၎င်း၏မိဘများနေထိုင်ရာ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြိုနယ်၊ ဝဲလောင်ကျေးရွာသို မော်တော်ယာဉ်ဖြင့် တစ်ဦးတည်းသွားရောက်စဉ် PDF များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။

ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူကို ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

crd,,mht news

Leave a Reply

Your email address will not be published. Required fields are marked *