ကျောက်ဖြူကစလို့ AA စစ်ဦးကျိုးသွားခဲ့ပြီ

မဆုတ်တမ်းခံစစ် ပြိုင်စေ့ကေ……

မနေ့က စာရေးသူနဲ့ တစ်တပ်ထဲ အတူတာဝန်ထမ်းဆောင်ဖူးတဲ့ စီနီယာအစ်ကိုတစ်ယောက်နဲ့ ဖုန်းရတယ်။ ဆရာသမား အသံမှာ အတော်လေးမာကျောခက်ထန်ပြီး ရွှင်လန်းနေလို့ စာရေးသူတောင် သူတို့ စစ်ဆင်ရေးအခြေအနေကို မေးမိတယ်။-စီနီယာရဲ့ သတင်းကတော့ နှစ်ထောင်းအားရ ရှိချက်။

အနောက်ပိုင်းစစ်ဒေသရခိုင်မှာ ကိုယ့်တပ်တွေ အသာစီး ပြန်ရနေပြီတဲ့။ ခုဆို စစ်တွေကနေ ရမ်းဗြဲနားကိုတောင် ပြန်ကပ်နေပြီ။ ကျောက်ဖြူမှာလဲ နယ်မြေစိုးမိုးရေးမြေတွေ အတော်များများ လက်ထဲ ပြန်ရနေပြီဆိုဘဲ။

-ရခိုင်သူပုန် AA ဟာ ထွန်းမြတ်နိုင်နဲ့ ပညာတတ် လူငယ်တွေစုစည်းပြီး တည်ထောင်ခဲ့တာမို့ အရင်ပေါ်ခဲ့ဖူးတဲ့ ရခိုင် လက်နက်ကိုင်တွေထပ် ခေတ်နဲ့အညီ Trend ဖြစ်နေတာလေးတွေကို Psywar ထည့်တတ်တယ်။

-ဒီကြားထဲ ဒေသဖွံ့ဖြိုးမှုနောက်ကျတာကို အကြောင်းပြုပြီး သံယံဇာတခွဲဝေမှုအပိုင်းနဲ့ ဆက်နွယ်ကာ သမိုင်းထဲက အတိတ်ဆိုးတွေကို Highlight လုပ်ပြီး ဗမာမုန်းတီးရေး ရိုက်သွင်းခဲ့တယ်။-စကတည်းက အမျိုးသားရေးစိတ်ပြင်းထန်တဲ့ ရခိုင်လူမျိုးတွေဟာ ထွန်းမြတ်နိုင်ရဲ့ စည်းရုံးမှုအောက်တချို့ နစ်ဝင် စီးမြောခဲ့ကြတယ်။

ဒါကြောင့် AA ဟာ ရခိုင်မှာ နယ်မြေစိမ့်ဝင်ပြီး အချိန်တစ်ခုထိ အင်အားစုစည်းကာ သူပုန်လဲထရော ထိပ်တိုက် အလူးအလဲ တိုက်ကြတော့တာပေါ့။-အဲ့ မတိုင်ခင် ၁၀၂၇ က ဖြစ်ထားတဲ့ အရှိန်နဲ့ တပ်တွေဟာ တောင်မင်းမြောက်မင်း မကယ်နိုင် ဖြစ်ကုန်ရော။

-နိုင်ငံကြီးတစ်နိုင်ငံရဲ့ အထောက်အပံ့၊ ၂၀၂၁ ဖေ ၁ ကြောင့် အလကားပဲတင်းရလိုက်တဲ့ PDF အင်အားတွေနဲ့ ရခိုင်မှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်ဆိုတဲ့ ၃ နေရာကလွဲရင် ကျန်နေရာတွေ အတော်များများ AA လက်ထဲရောက် ခဲ့တယ်ဆိုပါတော့။-တကယ်တမ်းတော့ AA ဟာ အဲ့မှာတင်ရပ်ချင်တယ်။

သူတို့စိတ်ထင် တပ်ကများဆွေးနွေးလာလေမလား ဆိုပြီး စောင့်နေတာ။ တပ် က မဆွေးနွေးတော့ သူတို့ ထိန်းချုပ်ရာ နယ်မြေတွေကို ကာဖို့အတွက် စစ်ဘောင်တွေချဲ့ တယ်။-စီနီယာ ပြောတာတော့ ပြိုင်စေ့ကေဟာ AA ရဲ့ စစ်ဘောင်ချဲ့မှုတွေထဲက တစ်ခု။ ပြိုင်စေ့ကေနဲ့ ရဲတပ်ရင်းကိုရရင် ကျောက်ဖြူ ကျပြီ။

တစ်ဖက်ကထောက်ပံ့မှု၊ စစ်ရှိန်တက်မှုတွေနဲ့ မူးယစ်ဆေးသုံးပြီး တိုက်နေတဲ့ AA ရဲ့ တိုက်စစ်ဟာ ရပ်တန့်လို့မရလောက်ဘူးလို့ ကျွမ်းကျင်သူတွေ သုံးသပ်တယ်။-အဲ…  ပြိုင်စေ့ကေ ကတော့ ကျပြီလို့ပဲ စစ်ရေးကျွမ်းကျင်သူတွေက သတ်မှတ်ထားတာ။ AA ကိုယ်တိုင်လဲ ရမှာပဲဆိုတဲ့ အထှာနဲ့တိုက်တာ။

-သို့သော် … သို့သော်ပေါ့လေ တပ်မတော်ရဲ့ သမိုင်းကြောင်းနဲ့ တပ်မတော်သားတွေရဲ့ စိတ်ဓာတ် ဟာ ပြိုင်စေ့ကေကို ရန်သူ့ လက်ထဲ ကျမသွားအောင် လွှမ်းမိုးမှုပေးနိုင်ခဲ့တယ်။ အစ်ကိုကြီးပြောပြပုံအရဆိုရင် ပြိုင်စေ့ကေနဲ့ ရဲတပ်ရင်းနေရာတွေကို လက်ရုံးတပ်တွေက အစ ဝိုင်းကာခဲ့ရတာ။ AA သောင်းကျန်းသူတွေဟာ အကြိမ်ကြိမ် အင်နဲ့အားနဲ့ ထွေးလုံးရစ်ပတ်တိုက်တာကို မဆုတ်မနစ်သော သတ္တိတွေဖြင့် ပြန်ခံချခဲ့ကြတာ။

-နှစ်ဖက်တပ်တွေ လုံးထွေးတိုက်တဲ့ အချိန်မှာ လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူ၊ Drone ပစ်ကူတွေဆိုရင် “ကောင်းတုံ” (တချိန်က နာမည်ကြီး အတိုကောက်အခေါ်) ခဏခဏခေါ်ခဲ့ရတယ်တဲ့။ သူတို့တောင် မိသားစုနဲ့ ဖုန်းရတဲ့အချိန်တွေမှာ ဇနီးတွေကို ကျန်ရစ်ခဲ့ရင် ဘယ်သွား၊ ဘယ်လိုကလေးတွေကိုပျိုးထောင် စတာတွေပဲ မှာခဲ့ကြတာဆိုဘဲ။

-ကြားရင်းနဲ့ မျက်ရည်တောင်ဝဲမိတယ်။ ကိုယ်သာဆိုရင်ဆိုတဲ့ ခံစားချက်က ဆောင့်တက်လာတယ်။ စစ်သားတွေရဲ့ စစ်သားစိတ်ကိုခံစားမိရင်း နားထင်ကြောတွေ ထောင်ရတယ်။ ပစ လို့ ခေါ်တဲ့ ပြည်သူ့ စစ်မှုထမ်းတွေထဲက တချို့ မောင် တွေဆိုရင် ရန်သူ့ သေနတ်တွေကို ကျည်တွေ တဖွဲဖွဲကျနေတဲ့ကြားက တက်ကောက်ပြီး စစ်ဆက်တိုက်တာ မသိရင် မာရီယို ဂိမ်းထဲကလို မှိုစားပြီး အကောင်ကြီးသလိုမျိုးစိတ်တွေနဲ့တဲ့။

-ထားပါ … လိုရင်းကိုဆက်ရရင် ပြိုင်းစေ့ခံခံစစ်မှာ ကွပ်ကဲသူ တပ်မမှူးကနေ ရဲဘော်ထိ “တစ်ယောက်မှ အသက်ရှင်လျက်မဆုတ်ခွာ” ဆိုတဲ့ စိတ်နဲ့ ဖောင်ဖျက်ရုံမကမီးရှို့ တိုက်ခဲ့ကြတဲ့ ရလာဒ်ဟာ AA ရဲ့ စစ်ဦး ကျိုးခဲ့တယ်လို့ပဲပြောရမှာပေါ့။

-ခုဆိုရင် တပ်မတော်ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေမှာ ခုခံစစ်ကနေ တိုက်စစ် အသွင်ကိုပြောင်းနေပြီလို့ သိရပါတယ်။-ပြိုင်းစေ့ကေမှသည် မောင်တောနှင့် နယ်စပ်ဒေသတွေဆီကို စစ်ချီအောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မဆုတ်တမ်းခံစစ် မှာ အသက်ကိုဖက်နဲ့ထုပ်တိုက်ခဲ့ကြသော အရာရှိ/စစ်သည် တွေကို လက်တင်အလေးပြုပါတယ်ခင်ဗျာ။

-“မဆုတ်တမ်းခံစစ်…  ပြိုင်းစေ့ကေတပ်မတော်ရဲ့ စိတ်ဓာတ်ကိုဖော်ထုတ်ခဲ့တယ်နှောင်းလူတို့သိစေဝယ်ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်အရယူမယ်အနောက်ပိုင်းစစ်မျက်နှာ အောင်မြင်ပါစေ တကယ်”

(မင်းထက်ကျော်ဇော)

Leave a Reply

Your email address will not be published. Required fields are marked *