သတင်းတု၊ သတင်းမှား၊ မဖွယ်မရာများတင်သူများ အရေးယူဆောင်ရွက်နိုင်ရေးကော်မတီကိုဖွဲ့စည်း

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးမှ အမိန့်ကြော်ငြာစာအမှတ်(၆၅/၂၀၂၅)ဖြင့် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာများတင်ခြင်း၊ နိုင်ငံရေးအရတို-က်ခို-က်ပြောဆိုခြင်းများအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူဆောင်ရွက်နိုင်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သြဂုတ် ၁၄ ရက်က အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ကော်မတီအား အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ကိုက်ညီမှုမရှိသည့် မဖွယ်မရာပုံများ၊ ဗီဒီယိုများနှင့် လိင်အသားပေးကိစ္စများတင်ခြင်း၊ နိုင်ငံရေးအရတို-က် ခို-က်ပြောဆိုခြင်းများကို ဥပဒေကြောင်းအရတားမြစ်နိုင်ရေး၊ ဖော်ထုတ်အရေးယူနိုင်ရေးတို့အတွက် ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီးကို ဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *