သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြား မိုင်တိုင် ၁၂၅/ ၁၈- ၁၉ကြားမှာ အမှတ် (၆၈၆) အစုန်ကျောက်ရထားဟာ ဒီနေ့ ၇ ရက်နေ့ မနက်ပိုင်းမှာ ဖြတ်သန်းစဥ် အကြမ်းဖက်သောင်းကျန်းသူတွေထောင်ထားတဲ့ မိုင်းနင်းမိတာ လမ်းချော်ခဲ့တာလို့ သိရပါတယ်။
ကျောက်ရထားဟာ PDF အကြမ်းဖက်တွေထောင်ထားတဲ့မိုင်းကို နင်းမိတာကြောင့် ရထားသံလမ်း ၂ဆက်ခန့်ပျက်ဆီးသွားပြီး အမှတ် ၆၈၆ အစုန်ကျောက်ရထား စက်ခေါင်းအပါအဝင် တွဲ၄တွဲ လမ်းချော်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကျောက်ရထားလမ်းချော်မှုကြောင့် ဒီနေ့မနက်ပိုင်းက မော်လမြိုင်ဘူတာကြီးကနေ ထွက်ခွာမယ့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန် ရထားနဲ့ ရန်ကုန်ဘူတာကြီးက ထွက်ခွာမယ့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဥ် (၂) ခု အား ယာယီဖျက်သိမ်းထားလိုက်ရတယ်လို့လည်း သိရပါတယ်။
ရထားခရီးစဥ်ဖျက်သိမ်းခဲ့မှုကြောင့် ဝယ်ယူထားပြီးတဲ့ ရထားလက်မှတ်ခတွေကို မော်လမြိုင်ဘူတာကြီး နေ့ချင်းလက်မှတ်ရုံမှာ မနက် ၈နာရီခွဲကနေ ၁၂ နာရီအထိပြန်အမ်းပေးခဲ့တယ်လို့ သိရပါတယ်။


