မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဗိုလ်လောင်းများ သေနတ်ပစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြီးစီး

ပြိုင်ပွဲကို ဗထူးတပ်မြို့၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်းရှိ အာဆီယံစက်ပစ်ကွင်းမှာ နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိပြုလုပ်ကျင်းပခဲ့ပြီး ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်နှင့် အရာရှိကြီးများ၊ နှစ်နိုင်ငံပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ နည်းပြအရာရှိများ တက်ရောက်ခဲ့ကြပါတယ်။

ပြိုင်ပွဲမှာ –
* ၃၀၀ မီတာ ရိုင်ဖယ်ပစ်ပြိုင်ပွဲ
* ၃၀၀ မီတာ ရိုင်ဖယ်အမြန်ပစ်ပြိုင်ပွဲ
* ၂၅ မီတာ ပစ္စတိုပစ်ပြိုင်ပွဲ
* ၂၅ မီတာ ပစ္စတိုအမြန်ပစ်ပြိုင်ပွဲ

တို့အား ယှဉ်ပြိုင်ခဲ့ကြကာ

👉 ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်။
👉 နှစ်နိုင်ငံဗိုလ်လောင်းများ ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်။
👉 နှစ်နိုင်ငံသေနတ်ပစ်အားကစားနည်းစနစ် ဖလှယ်ရန်။

ဆိုတဲ့ ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။

(ဆုရရှိမှုအခြေအနေများအား ဆက်လက်ဖော်ပြပါမည်)

တိုက်ပွဲသတင်းစုံ

Leave a Reply

Your email address will not be published. Required fields are marked *