ဝုလ်ဗ်အသင်းနည်းပြသစ်အဖြစ် ဒတ်ချ်လူမျိုးနည်းပြ တန်ဟက်ဂ်က ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ဝုလ်ဗ်အသင်းဟာ အစောပိုင်းက နည်းပြဟောင်း ဂယ်ရီအိုနေးလ်(၄၂ နှစ်)ကို ပြန်လည်ခန့်အပ်ဖို့ နီးစပ်ခဲ့တာပါ။
ဒါပေမဲ့ ဂယ်ရီအိုနေးလ်ဟာ ဝုလ်ဗ်အသင်းနဲ့ ကနဦးဆွေးနွေးခဲ့ပေမဲ့ နောက်ပိုင်းမှာ ဆွေးနွေးမှုကို ရုပ်သိမ်းခဲ့တာဖြစ်တယ်။လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ တန်ဟက်ဂ်က ဝုလ်ဗ်အသင်းနည်းပြရာထူးကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။မန်ယူနိုက်တက်နည်းပြဟောင်းဟာ အခုရာသီအစမှာ လေဗာကူဆင်ကို ကိုင်တွယ်ခဲ့ပေမဲ့ ရာသီအဖွင့် သုံးပွဲအပြီးမှာပဲ ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။တန်ဟက်ဂ်ဟာ အလေးပေးချက်မှာ ၉း၄ လေးနဲ့ ထိပ်ဆုံးက ရေပန်းစားနေတာဖြစ်ပါတယ်။
crd.eleven
