ဟောင်ကောင်မှာ ခြင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ ချီကွန်ဂွန်ညာဗိုင်းရပ်စ်ကို ဒေသတွင်း ကူးစက်မှု ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပါတယ်။
ကူးစက်ခံရသူဟာ ဝမ်တိုင်စင်မှာ နေထိုင်တဲ့ အသက် ၈၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကာ အောက်တိုဘာ ၁၈ ရက်က ခြေကျင်းဝတ်ရောင်ရမ်း နာကျင်ကာ ရက်အနည်းငယ်ကြာ ဖျားနာခြင်း၊ လက်နဲ့ခြေထောက် အဆစ်အမြစ်နာကျင်ခြင်းတို့ဖြစ်ခဲ့တယ်လို့ မြို့တော်ပြည်သူ့ကျန်းမာရေးအေဂျင်စီက အောက်တိုဘာ ၂၆ ရက်မှာ ကြေညာခဲ့ပါတယ်။
တရုတ်နိုင်ငံ၊ အထူးသဖြင့် နိုင်ငံတောင်ပိုင်းမှာ ချီကွန်ဂွန်ညာ ကူးစက်မှုမြင့်တက်လျက်ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ စက်တင်ဘာ ၂၇ ရက်အထိ ဂွမ်ဒေါင်းပြည်နယ်မှာ ကူးစက်မှု ၁၆၀၀၀ ကျော်ထိ မှတ်တမ်းတင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ခြင်မှ ဖြစ်တဲ့ ချီကွန်ဂွန်ညာဗိုင်းရပ်စ်ကူးစက်မှုဟာ ၁၉၅၂ ခုနှစ်က တန်ဇန်းနီးယားနိုင်ငံမှာ ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပြီး လက္ခဏာတွေအနေနဲ့ ဖျားနာခြင်း၊ အဆစ်အမြစ်နာကျင်ခြင်းတို့ ဖြစ်စေပြီး အခြားလက္ခဏာတွေအနေနဲ့ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အော့အန်ခြင်း၊ မောပန်းခြင်းတို့ဖြစ်နိုင်ပါတယ်။
ဗိုင်းရပ်စ်ဟာ လူမှလူသို့ ကူးစက်မှုမရှိပေမယ့် ခြင်ကြောင့်ဖြစ်တာကြောင့် ရောဂါပျံ့နှံ့နှုန်းမြင့်ပါတယ်
Crd.
