ရှမ်းမြောက်ဒေသ၊ သီပေါမြို့ သိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ဆင်လာသည့် တပ်မတော်စစ်ကြောင်းများသည် ယနေ့ (အောက်တိုဘာ-၁၄) ၌ သီပေါမြို့အနီးသို့ ရောက်ရှိလာပြီဖြစ်သည်။
တပ်မတော်စစ်ကြောင်းများ မြို့အနီးသို့ ရောက်ရှိချိန် သောင်းကျန်းသူ TNLA နှင့် အပေါင်းအပါများသည် ယူနီဖောင်းချွတ်၍ မြို့တွင်းမှ ထွက်ပြေးလျှက်ရှိကြောင်း မြို့ခံအချို့က ဆက်သွယ်ပြောဆိုသည်။
“လက်ရှိ မြို့ထဲက ပလောင်နဲ့ အပေါင်းအပါတွေ ယူနီဖောင်းတွေ ချွတ်ပြီး ထွက်ပြေးဖို့လုပ်နေကြပြီ။ အခုသူတို့စခန်းချတဲ့နေအိမ်တွေမှာ ယူနီဖောင်းတွေ အပုံလိုက်ရှိတယ်။ ဒီ ၁ ရက် ၂ ရက်အတွင်းမှာ တပ်မတော်က မြို့ထဲကို ဝင်ဖို့သေချာနေပြီ။ လက်ရှိက မြို့အနီးမှာ ရောက်နေတယ်။ မြို့ထဲက ပြည်သူတွေကတော့ တပ်မတော်စစ်ကြောင်းတွေကို ကြိုဆိုဖို့ ပြင်နေကြပြီ“ လို့ မြို့ခံအချို့က ပြောသည်။
တပ်မတော်သည် ရှမ်းမြောက်ဒေသရှိ TNLA နှင့် အပေါင်းအပါအပါများ ထိန်းချုပ်ထားသည် မြို့များ ပြန်လည် ရရှိရန် ထိုးစစ်ဆင်လျက်ရှိနေသည်။
#PeopleMedia
