ဗန်းမော်ဒေသဘက်မှာ အကြမ်းဖက် KIA ၆၀၀၀ ကျော်ခန့်ကို ဘုရားသခင်ထံအမြန်ဆုံးရောက်ရှိအောင် ပို့ဆောင်ပေးလိုက်တဲ့ မင်းခေါင်စစ်ကြောင်း၊ ဖန်ခါးမြေစစ်ကြောင်းများမှ သူရဲကောင်းတို့ရဲ့ အောင်စိတ်ကတော့ အံ့မခန်းပါပဲ။ KIA တွေအနေနဲ့ ဘယ်နေရာမှာ ပုန်းနေပါစေ.. ရှာဖွေပြီးတော့ ချေမှုန်းသုတ်သင်နေလို့ ရန်သူအနေနဲ့ သွေးပျက်ခြောက်ခြားနေကြရပြီ။
ဒီလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ၃ ရက်အတွင်း အောင်မြင်မှုတွေကိုကြည့်ကြမယ်ဆိုရင် –
(၁၀-၁၀-၂၀၂၅)ရက်နေ့က ၃ မိုင်ဒေသ၊ ရွှေပြည်သာမြို့ကွက်သစ်နဲ့ ၄ မိုင် ဝက်ကုန်းမှာ KIA ၄ လောင်း၊ သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၁၂ လုံးနဲ့အတူ ရန်သူအခြေပြုနေရာတွေကို သိမ်းပိုက်ခဲ့ပါတယ်။ (ကိုယ့်ဘက်က စစ်သည် ၁ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာရ)
(၁၁-၁၀-၂၀၂၅)ရက်နေ့မှာ ရွှေပြည်သာမြို့ကွက်သစ်ထဲမှာပဲ နယ်မြေရှင်းရင်း ရန်သူ့အလောင်း ၃ လောင်း၊ သေနတ် ၁ လက် ရရှိခဲ့ပါတယ်။ (ကိုယ့်ဘက်က ၂ ဦး ဒဏ်ရာရ)
(၁၂-၁၀-၂၀၂၅)ရက်နေ့မှာလည်း ရွှေပြည်သာမြို့ကွက်သစ်၊ ဝက်ကုန်းဒေသဘက်မှာ ရန်သူ့အလောင်း ၃ လောင်း၊ သေနတ် ၇ လက်နဲ့အတူ ရန်သူ့နေရာ ၄ နေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ (မိမိစစ်သည် ၁ ဦး ကျဆုံးခဲ့)
ပြောချင်တာက ဗန်းမော်မှာရှိတဲ့ သူရဲကောင်းတွေရဲ့ ရဲဝံ့စွန့်စားမှုတွေကြောင့် မကြာခင် ဗန်းမော်မြို့ကို ဒေသခံတွေ ပြန်လာနိုင်တော့မှာပါ။ နောက်တစ်ခုက KIA အဖွဲ့ရဲ့ အဓမ္မလူသစ်စုခံထားရတဲ့အဖွဲ့တွေအနေနဲ့ လက်နက်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ .. တပ်မတော်ထံ အလင်းဝင်ရောက်လာကြဖို့ ထပ်မံဖိတ်ခေါ်ပါတယ်။ မိသားစုဘဝနဲ့ အေးချမ်းစွာ နေထိုင်နိုင်ဖို့ပါ။
ဗန်းမော်မြို့ တည်ငြိမ်အေးချမ်းအောင် ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်နေကြတဲ့ တပ်မတော်သူရဲကောင်းများကိုလည်း လက်တင်အလေးပြုပါတယ်။ Congratulations ပါ ခင်ဗျာ။ 🏆🏆🏆
တိုက်ပွဲသတင်းစုံ (https://t.me/combatnews7723)
