ဗန်းမော်(ကချင်ပြည်နယ်)
ဗန်းမော်မြို့၊ ၃ မိုင် (ရွှေပြည်သာမြို့ကွက်သစ်) ဝန်းကျင် နယ်မြေရှင်းလင်းစဉ် နေရာ ၄ နေရာမှ ရန်သူ ၄၀ ဦးခန့် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။
-ရန်သူ့အလောင်း ၁ လောင်း၊ Type-81 ၁ လက် သိမ်းဆည်းရမိခဲ့။
ကျောက်မဲ(ရှမ်းပြည် မြောက်ပိုင်း)
ကျောက်မဲမြို့ ၊ ချောင်းချောက်ဘူတာအနီး နယ်မြေရှင်းလင်းစဉ် နေရာ ၂ နေရာမှ ရန်သူအင်အား ၁၅ ဦးခန့်က ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။
-ရန်သူ့အလောင်း ၁ လောင်း၊ Type-81 ၁ လက် သိမ်းဆည်းရမိခဲ့။
မြောက်စမ်း (ဧရာဝတီတိုင်း)
မြောက်စမ်း၏ အမတ ၃၄၄ ၏ စက်စက်ယိုကျေးရွာအနီး နယ်မြေရှင်းလင်းစဉ် AA သောင်းကျန်းသူ အင်အား(၁၅ ဦး) ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။
Type-81 ၁ လက်၊ ကျည် ၈၅ တောာင့်၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့။
နွားထိုးကြီး(မန္တလေးတိုင်း)
နွားထိုးကြီးမြို့၏ အရှေ့တောင်ဘက် စည်ပင်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများအား နယ်မြေရှင်းလင်းခဲ့ရာ-
Type-81 ၃ လက်၊ Type-82 ၁ လက်၊ RPG ၁ လက်၊ အမ် (၂၂) ၁ လက် သိမ်းဆည်းရမိခဲ့။
မတ္တရာ(မန္တလေးတိုင်း)
မတ္တရာမြို့နယ် ရေချောင်းဘိုကျေးရွာအနီး နယ်မြေရှင်းလင်းစဉ် နေရာ ၂ နေရာမှ ရန်သူအင်အား ၁၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။
-အမ်အေ(၁) ၁ လက်၊ ကျည် ၅ တောင့်၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့။
သပိတ်ကျင်း(မန္တလေးတိုင်း)
သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက် ၇ မိုင်ကျေးရွာအနီး နယ်မြေရှင်းလင်းစဉ် နေရာ ၂ နေရာမှ TNLA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရန်သူ့နေရာအား သိမ်းပိုက်ရရှိခဲ့။
-လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ် ၄၀ မမ ၁ လက်၊ ၄၀ မမဗုံးသီး ၂၂ လုံး၊ မိုင်းမျိုးစုံ ၁၄ လုံး၊ ကျည်ကာဦးထုပ် ၁၇ လုံး၊ ဘန်ကာ ၂၁ လုံး သိမ်းဆည်းရမိခဲ့။
ဆင်လန်(ပဲခူးတိုင်း)
ပန်းတောင်းမြို့နယ် ဆင်လန်ကျေးရွာ၏ အနောက်ဘက် ၁၀၅ မမကုန်းဟောင်း နေရာအား ချီတက်ရှင်းလင်းစဉ် နေရာ ၄ နေရာမှ AA သောင်းကျန်းသူအင်အား ၅၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။
ရန်သူ့အလောင်း ၈ လောင်း၊ လက်နက် ၇ လက်(အမ် (၂၂) ၂ လက်၊ Type(81) ၃ လက်၊ ဘီအေ(၇၉) ၁ လက်၊ အမ်အေ(၃) ၁ လက်)၊ ကျည်မျိုးစုံ ၃၅၆ တောင့်၊ စက်လက်ပြောင်းပို ၁ ခု၊ ကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၈ လုံး သိမ်းဆည်းရမိခဲ့။
တိုက်ပွဲသတင်းစုံ
