ပြည်ထောင်စုအကျိုးအတွက် နိုင်ငံတော်အစိုးရက သဘောထားကြီးစွာ ဖိတ်ခေါ်ချက်အရ PDF အမည်ခံ လက်နက်ကိုင်အဖွဲ့အသီးသီးမှ တပ်ဖွဲ့ဝင်များ အောက်တိုဘာလ ၈ ရက်နေ့တွင်လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း သတင်းကောင်းများ ကြားသိရပါတယ်…
အလင်းဝင်ရောက်လာသူများကတော့-
လေးမျက်နာမြို့နယ်ရှိ နယ်မြေခံရဲတပ်ဖွဲ့စခန်းသို့ AA အကြမ်းဖက်အဖွဲ့မှ တပ်သားအဆင့်ရှိသူ ၄ ဦး လက်နက်မဲ့ လာရောက်သတင်းပို့ခဲ့။
ကလေးမြို့နယ်ရှိ လုံခြုံရေးတပ်စခန်းသို့ ကလေးမြို့ PDF အဖွဲ့မှ အဖွဲ့ဝင် ၁ ဦးက အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၁၉၆ တောင့်နှင့်အတူ လက်နက်ဖြင့် ပြန်လည်ရောက်ရှိခဲ့။
မင်းကင်းမြို့နယ် ကျောင်းသားတော်လှန်ရေးတပ်တော် အမည်ခံ PDF အဖွဲ့မှ အမျိုးသမီး တပ်ဖွဲ့ဝင် ၂ ဦးက လက်နက်မဲ့ဖြင့် ရွှေဘိုမြို့ရှိ လုံခြုံရေးတပ်စခန်းသို့ လာရောက် သတင်းပို့ခဲ့။
ညောင်ဦးမြို့နယ် ငါသရောက်မြို့အနီး လှုပ်ရှားနေတဲ့ ဒေါင်းရင်သွေး အမည်ခံ PDF အဖွဲ့မှ အဖွဲ့ဝင် ၂ ဦးတို့က ညောင်ဦးမြို့ရှိ လုံခြုံရေးတပ်စခန်းသို့ အလင်းဝင်ရောက်ခဲ့။
အလင်းဝင်ရောက်လာသူများ၏ ထွက်ဆိုချက်များအရ နိုင်ငံတော်အစိုးရ၏ ဖိတ်ခေါ်ချက်ကို ဖုန်းအတွင်းရှိ SMS များမှတဆင့် ကြားသိရပြီး ၎င်းတို့အနေဖြင့် အဓမ္မခြိမ်းခြောက်၍ စုဆောင်းခံထားရခြင်း၊ မကြာခဏ ချုပ်နှောင်နှိပ်စက်ခံရခြင်း၊ ပြည်သူလူထုအပေါ် အနိုင်ကျင့် ငွေကြေးကောက်ခံမှုများကို ပြုလုပ်ခိုင်းခြင်းတို့ကို မလုပ်ဆောင်လိုတော့သဖြင့် ယခုကဲ့သို့ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိရပါတယ်…
